Hlwan Paing - Thu Nge Chin Thot Pay Sar paroles de chanson

paroles de chanson Thu Nge Chin Thot Pay Sar - Hlwan Paing




တား တား တာား တာ.
တား တား တာား တာ.
တား တား တာား တာ. တား...
ဘာတွေ ဘယ်လိုဖြစ်သွားလဲ မသိပါ
နင်ရယ် ငါရယ်သူငယ်ချင်း အရင်းကြီးပါ
ပြောင်းလဲကာ ခံစားချက်တွေပိုကာအပြစ်ရှိလား
ဟန်ဆောင်ကာနေဖို့ အားမရှိပါ
ကြာလာရင် သူငယ်ချင်းမင်းကြောင့်ငါ
ရူးတော့မယ်
ဖွင့်ပြောလိုက်ရင် နင်လေစိတ်ကောင်းမလား
ချစ်မိသွားပြီ
မြတ်နိုးမိသွားပြီ
မင်းနဲ့ အစထဲကငါ
သူငယ်ချင်း မဟုတ်ရင်ကောင်းမယ်ကွာ သိလား
ချစ်မိသွားပြီ
မြတ်နိုးမိသွားတဲ့ ငါ့ရဲ့ ကြင်နာသူလေးဟာ
တစ်ဦးတည်း
မင်းပဲသူငယ်ချင်းရာ
သတိရခြင်းများစွာနဲ့ ငါ
စာရေးလိုက်တယ်မင်းစီအခုစာ
ကျန်းမာရေးကိုဂရုစိုက်ပါ
ငါတို့ တော့အရင်လိုပဲကွာ
ဘော်ဒါတွေစုံလင်ဆဲပါ
မင်းတစ်ယောက်ပဲငါတို့ ကိုခွဲခွာ
သူစိမ်းတွေနဲ့ အတူယှဉ်တွဲကာ
ပညာတွေသင်ယူခဲ့ပါ
အိပ်ရေးတွေပျက်နေတုန်းလား
မျက်တွင်းတွေနက် နေဦးမှာ
လက်သည်းရှည်နေရင်ညှပ်ပါ
ငါမရှိတော့ပြောတာမှတ်ဟာ
နင်ချစ်သူကြင်ရာဘက်ပါ
ထွေနေပြီလားကွာ တစ်သက်စာ
ကျောင်းတွေတက်စာတွေကျက်နဲ့
့ကန်တင်းတောင်မှမထိုင်ဖြစ်ခဲ့ဘူးငါ
နင်မရှိတော့ပျင်းတော့ပျင်းစရာပဲ
နင်ကောဘယ်လိုလဲ အဲဒီမှာလဲ
ရာသီဥတုက သာယာလဲ
ဒီမှာထက်တော့ပိုအေးမှာပဲ
ကျန်းမာရေးဂရုစိုက်မမေ့ပါနဲ
့ဆေးသောက်ဖို့ လဲ နင်ပျင်းတာပဲ
နင့်ကိုဘယ်သူတွေစာရှင်းပြလဲ
မင်းသတင်းတွေနားစွင့်ရင်းငါအမြဲ
ဒီလိုလေးပါပဲ
သူနဲ့ ကျွန်တော်သူငယ်ချင်းပါပဲ
ရင်ထဲမှာဘယ်လိုတွေများတင်းလဲ
ခင်မင်မှုတွေပျက်ယွင်းကာ
ကွဲမှာကိုလဲစိုးရိမ်နေခဲ့ခြင်းကလဲ
ငါညံ့ဖျင်းခဲ့ခြင်းပါပဲ
ရင်ထဲမှာဘယ်လိုပင်ဝေးကွာလဲ
လွမ်းနေတယ် သူငယ်ချင်းငါအမြဲ
မင်းကမသိတော့ အားလုံးကိုထားခဲ့ပြီပေါ့
လေယာဉ်ပျံကြီးနဲ့ လက်ပြနှုတ်ဆက်သွား
တယ်တစ်ယောက်တည်းပဲ အိုးကျန်နေလို
ဘယ်လိုနေရမှာလဲ ဘယ်လိုနေရမလဲ
သူငယ်ချင်းရယ်ပြောပေးပါဦး.
စာလာတယ်ဗျိုး.
နင်ရေးတဲ့စာတွေရပါတယ်
နင်တို့ကိုလဲငါလွမ်းပါတယ်
နောက်ပြီးတော့ငါလဲကျန်းမာတယ်
နင်တို့ သာနေတာဗရမ်းဗတာနဲ
့ငါ့ကိုလွမ်းတာနဲ့ အတန်းတွေမဲ့
လမ်းတွေလှည့် ဒီလိုသဝေထိုးနေတဲ့
နင်တို့ပုံတွေကိုမှန်းမြင်ရဲ
တစ်ယောက်တည်းပဲနေရတော့
ဒီမှာနဲနဲတော့ပျင်းတာပေါ့
ဘော်ဒါအသစ်တွေတော့ရတယ်
ဒါပေမယ့်စိတ်ချင်ဒတော့
နင်တို့ နဲ့ဘယ်တူပါ့မလဲ
ငါတို့ ကငယ်ပေါင်းဆိုတော့
လူချင်းသာဝေးနေတာ သတိရတာနဲနဲမှမလျော့
အချစ်ရေးလား အခုချိန်ထိစမ်းတဝါးဝါးမသေချာ
ငါအပျိုကြီးဖြစ်မှ
နင်တို့ ကလေးတွေကိုထိန်းမယ်လေဟာ
တကယ့်စေတနာ နင်တို့လိုမျိုးမလိမ်မမာ
ပေတရာငပေအတာ မဖြစ်စေရဘူးကွာအသေချာ
ဟားဟား စတာပါသူငယ်ချင်းရာ
နင်တို့ နဲ့ ရယ်ရင်းသာ
အရင်လိုငါ့နေ့ ရက်တွေကိုလေကုန်ရင်းသာ
နေချင်တယ်တသက်လုံးငါ
မြင်ယောင်တယ်မျက်လုံးမှာ
စိတ်ချပါသူငယ်ချင်းရာ
တနေ့တော့ငါပြန်လာဦးမှာ
အရာရာမနေ့ ကလို
ငါလေထင်မှတ်နေတုန်းပဲ
မင်းသွားတာ
အချိန်အတော်ကြာပြီပဲ
အရာရာမနေ့ ကလို
မင်းကိုငါလွမ်းနေတုန်းပဲ
သူငယ်ချင်းရယ်
မင်းပဲ ငါမျှော်နေမိတယ်
မင်းသွားတာ ဒီနေ့ နဲ့ ဆို ၃၆၅ ရက်
မင်းနဲ့ ငါဆက်သွယ်မှုက စာလွှာတွေပဲပါးလျက်
သံယောဇဉ်တံတားတချပ်ကိုငါတို့အတူတူထားလျှက်
တနေ့ တော့အတူဆုံဆည်းရမယ်
ဒါငါ့သစ္စာစကားတရပ်
မင်းသွားတာ ဒီနေ့ နဲ့ ဆို ၃၆၅ ရက်
မင်းနဲ့ ငါဆက်သွယ်မှုက စာလွှာတွေပဲပါးလျက်
သံယောဇဉ်တံတားတချပ်ကိုငါတို့အတူတူထားလျှက်
တနေ့ တော့အတူဆုံဆည်းရမယ်
ဒါငါ့သစ္စာစကားတရပ်
မင်းသွားတာ ဒီနေ့ နဲ့ ဆို ၃၆၅ ရက်
မင်းနဲ့ ငါဆက်သွယ်မှုက စာလွှာတွေပဲပါးလျက်
သံယောဇဉ်တံတားတချပ်ကိုငါတို့အတူတူထားလျှက်
တနေ့ တော့အတူဆုံဆည်းရမယ်
ဒါငါ့သစ္စာစကားတရပ်
မင်းသွားတာ ဒီနေ့ နဲ့ ဆို ၃၆၅ ရက်
မင်းနဲ့ ငါဆက်သွယ်မှုက စာလွှာတွေပဲပါးလျက်
သံယောဇဉ်တံတားတချပ်ကိုငါတို့အတူတူထားလျှက်
တနေ့ တော့အတူဆုံဆည်းရမယ်
ဒါငါ့သစ္စာစကားတရပ်။




Attention! N'hésitez pas à laisser des commentaires.