Ni Ni Khin Zaw - Lwan Khwint Lay paroles de chanson

paroles de chanson Lwan Khwint Lay - Ni Ni Khin Zaw




ပြောဖူးခဲ့တဲ့စကားတွေ ငါလေယုံကြည်နေဆဲကွယ်
ပုံပြင်လေးအဆုံးသတ်လို့သွားလည်း
နင်ပေးဖူးခဲ့တဲ့အနမ်းတွေ ငါရင်ခုန်နေဆဲပဲ
နင်သာအမှတ်တမဲ့ ငါ့အတွက်အမှတ်တရပဲ
အချစ်နဲ့အစပြုခဲ့တဲ့ ဇာတ်လမ်းလေး...
အမုန်းနဲ့အဆုံးသတ်ခဲ့ နင်ကိုယ်တိုင်ပဲ ...
အရာရာအကုန်ပျက်ဆီးလို့သွားသူရေ ငါမနာကျည်းပဲ
တချိန်ချိန်ပြန်လာနိုးနိုး ငါ့ရင်ထဲမျှော်နေမိတယ်
နင်မမြင်နိုင်တဲ့အမှောင်မှာ တယောက်တည်းကျိတ်ခါငိုရင်းနဲ့.
ဘယ်သောအခါမှ...မမုန်းခဲ့...
နင်လေမချစ်နိုင်တော့ရင်လည်း ရည်ရွယ်လွမ်းခွင့်လေး သနားသဖြင့်ပေးပါကွယ်
ဘုရားစူးပြောလိုက်ပါရစေ ငါလေကျိန်ဆိုကျိန်ဝင့်တယ်
နင်တယောက်တည်း ငါ့ဘဝမှာချစ်ခဲ့
အပြောင်းအလဲများရဲ့ နောက်ကွယ်
ဟန်ဆောင်လိမ်ညာမှုများလည်း ငါသိလည်း မပြောရက်ခဲ့ပါတယ်
အချစ်နဲ့အစပြုခဲ့တဲ့ ဇာတ်လမ်းလေး... ရေ
အမုန်းနဲ့အဆုံးသတ်ခဲ့ နင်ကိုယ်တိုင်ပဲ ...
အရာရာအကုန်ပျက်ဆီးလို့သွားသူရေ ငါမနာကျည်းပဲ
တချိန်ချိန်ပြန်လာနိုးနိုး ငါ့ရင်ထဲမျှော်နေမိတယ်
နင်မမြင်နိုင်တဲ့အမှောင်မှာ တယောက်တည်းကျိတ်ခါငိုရင်းနဲ့.
ဘယ်သောအခါမှ...မမုန်းခဲ့...
နင်လေမချစ်နိုင်တော့ရင်လည်း ရည်ရွယ်လွမ်းခွင့်လေး သနားသဖြင့်ပေးပါကွယ်
အရာရာအကုန်ပျက်ဆီးလို့သွားသူရေ ငါမနာကျည်းပဲ
တချိန်ချိန်ပြန်လာနိုးနိုး ငါ့ရင်ထဲမျှော်နေမိတယ်
နင်မမြင်နိုင်တဲ့အမှောင်မှာ တယောက်တည်းကျိတ်ခါငိုရင်းနဲ့.
ဘယ်သောအခါမှ...မမုန်းခဲ့...
နင်လေမချစ်နိုင်တော့ရင်လည်း ရည်ရွယ်လွမ်းခွင့်လေး သနားသဖြင့်ပေးပါကွယ်
နင်လေမချစ်တော့ဘူးဆိုလည်း ရည်ရွယ်လွမ်းခွင့်လေးသနားသဖြင့်ပေးပါကွယ်...





Attention! N'hésitez pas à laisser des commentaires.