Irene Zin Mar Myint - Crush is my Friend paroles de chanson

paroles de chanson Crush is my Friend - Irene Zin Mar Myint



ငါဟာနင့်ရဲ့ ချစ်သူမဖြစ်နိုင်တော့ပေမဲ့
ငါဟာ နင့်အတွက်တော့ အကောင်းဆုံးသူငယ်ချင်း
နင်ခံစားရတိုင်း အနားမှာအမြဲ
ငါလေရှိခွင့်ရရင် ကျေနပ်တယ်
နင်လေငါ့ကို အမြဲလို မေးနေကျစကား
ငါမှာ ချစ်ရမဲ့သူ ချစ်သူမရှိဘူးလားတဲ့
ရင်ကိုဖွင့်ပြလိုက်ချင်တယ်
နင်တယောက်တည်းပဲ ဘယ်လောက်ထိ
ချစ်တယ်ဆိုတာကို မင်းသိသွားရင်လည်း
ဒီတသက်ထားရှိကြမဲ့ အခင်မင်ပျက်မလားဆိုး
တကယ်ပါ ကိုယ့်သူငယ်ချင်းကို ပြန်ချစ်နေမိတော့လည်း
ဖွင့်ပြောရန်အတွက်တော့ သိပ်သိပ်ခက်နေတယ်
တော်ကြာနေ နင်ကငါ့အား မုန်းတီးသွားမှာလည်း
အတွေးလေးနဲ့တင် ကြောက်လန့်မိပါတယ်
တကယ်ပါ ကိုယ့်သူငယ်ချင်းကို ပြန်ချစ်နေမိတော့လည်း
ဖွင့်ပြောရန်အတွက်တော့ သိပ်သိပ်ခက်နေတယ်
တော်ကြာနေ နင်ကင့ါအား မုန်းတီးသွားမှာလည်း
အတွေးလေးနဲ့တင် ကြောက်လန့်မိပါတယ်
နင်တို့ ချစ်သူနှစ်ဦးဟာ ငါ့သူငယ်ချင်းပါပဲ
တကယ်ကို လိုက်ဖက်တယ် အားလုံးမှာလည်း
ငါလေဝမ်းနည်း ဝမ်းသာနဲ့
လက်ခုပ်တီးကာ ငိုကြွေးရင်းနဲ့
ကြိတ်ခံစားမယ် ငါရင်ထဲမှာလည်း
စွန့်လွှတ်ရင်းနဲ့ ချစ်တော့မယ်
ဒီတသတ် အလိုချင်ဆုံးသော နင့်ဆီက
ခင်မင်ရိုးသားမှုနဲ့ မင်းတယောက်ရဲ့အနားမှာ
ရှိခွင့်ရရင်လည်း ငါချစ်သော
နင့်ရဲ့ဘဝ စောင့်ရှောက်နေချင်သေးတယ်
တကယ်ပါ ကိုယ့်သူငယ်ချင်းကို ပြန်ချစ်နေမိတော့လည်း
ဟေး ရေး ဟိုး
ကိုယ့်သူငယ်ချင်းကို ပြန်ချစ်နေမိတော့လည်း
ဖွင့်ပြောရန်အတွက်တော့ သိပ်သိပ်ခက်နေတယ်
တော်ကြာနေ နင်ကငါ့အား မုန်းတီးသွားမှာလည်း
အတွေးလေးနဲ့တင် ကြောက်လန့်မိပါတယ်
တကယ်ပါ ကိုယ့်သူငယ်ချင်းကို ပြန်ချစ်နေမိတော့လည်း
ဖွင့်ပြောရန်အတွက်တော့ သိပ်သိပ်ခက်နေတယ်
တော်ကြာနေ နင်ကငါ့အား မုန်းတီးသွားမှာလည်း
အတွေးလေးနဲ့တင် ကြောက်လန့်မိပါတယ်
ကိုယ့်သူငယ်ချင်းကို ပြန်ချစ်နေမိတော့လည်း
ဟေး... ဟေး.




Irene Zin Mar Myint - Mar
Album Mar
date de sortie
12-09-2018




Attention! N'hésitez pas à laisser des commentaires.