Irene Zin Mar Myint - Nyout Sone a Chit Songtexte

Songtexte Nyout Sone a Chit - Irene Zin Mar Myint




အချစ်ရေ ဘာမှမရှိတဲ့ ကိုယ့်ဘဝထဲကိုကွယ်
ရူးရူးမိုက်မိုက် တိုးကာဝင်လာတယ်
အချစ်ကလွဲလို့ မင်းအတွက် ဘာမှမရှိဘူး အချစ်
ဒါနောက်ဆုံးအချစ်ပဲ ထင်ပါတယ်
ကိုယ်လေ စိတ်ဓာတ်ကျလို့်
ခဏလောက် မျက်နှာပျက်မသွားနဲ့
အားပေးတက်သူ အချစ်လေးရယ်
စိတ်ညစ်ရမဲ့စကားလေးတခွန်းတောင်
မပြောရှာဘူး ဒါနောက်ဆုံးအချစ်ပဲထင်ပါတယ်
သူရဲ့အချစ်လို ဘယ်သူမှမချစ်ဘူးကွယ်
ကိုယ်ဟာသိပ်ကံကောင်းတဲ့ လောကီလူသားအားလုံးထဲ
နောက်ဆုံးအချစ်ကို အခုတခါတကယ်ပဲ
အဆုံးသတ်နိုင်ပါပြီ အချစ်
ချွေးစက်များနဲ့ ကိုယ့်ဘဝ ပူလောင်နေပေမဲ့
ထွက်လို့မသွားတဲ့ ချစ်သူရယ်ရှားတယ်
ညည်းတွားရမဲ့အစား သူမျက်နှာချိုပြုံးလေး
ဒါအကြင်နာဇာတ်လမ်းအဆုံးသတ်ပဲ
ကိုယ်လေ စိတ်ဓာတ်ကျလို့်
ခဏလောက် မျက်နှာပျက်မသွားနဲ့
အားပေးတက်သူ အချစ်လေးရယ်
စိတ်ညစ်ရမဲ့စကားလေးတခွန်းတောင်
မပြောရှာဘူး ဒါနောက်ဆုံးအချစ်ပဲထင်ပါတယ်
သူ့အချစ်လို့ အချစ်မျိုးမရှာနဲ့ မတွေ့နိုင်ဘူး
ကိုယ်ဟာသိပ်ကံကောင်းတဲ့ လောကီလူသားအားလုံးထဲ
နောက်ဆုံးအချစ်ကို အခုတခါတကယ်ပဲ
အဆုံးသတ်နိုင်ပါပြီ အချစ်
ဟိုး...
ချွေးစက်များနဲ့ ကိုယ့်ဘဝ ပူလောင်နေပေမဲ့
ထွက်လို့မသွားတဲ့ ချစ်သူရယ်ရှားတယ်
ညည်းတွားရမဲ့အစား သူမျက်နှာချိုပြုံးလေး
ဒါအကြင်နာဇာတ်လမ်းအဆုံးသတ်ပဲ
အကြင်နာဆုံးရေ နောက်ဆုံးသော အချစ်ကမင်း
အကြင်နာဆုံးရေ နောက်ဆုံးသော အချစ်ကမင်း
နောက်ဆုံးသော အချစ်ကမင်း
နောက်ဆုံးသော အချစ်ကမင်း



Autor(en): Khual Pi



Attention! Feel free to leave feedback.
//}