Mi Sandi feat. Jewel - A Thae Kwal A Pay A Tay Songtexte

Songtexte A Thae Kwal A Pay A Tay - Jewel , Mi Sandi




အချစ်ဆိုတာလူတစ်ယောက်ရဲ့စိတ်ဓာတ်တွေကို
ဟိုးမိုးပေါ်ထိရောက်အောင်ဆွဲခေါ်သွားနိုင်သလို
ဟိုးအဝီစိတွင်းထဲထိရောက်အောင်လဲဆွဲချပစ်နိုင်တယ်
ငါစိတ်ဓာတ်တွေအရမ်းကျနေပြီ
ရန်ကုန်မြို့ကြီးထဲမှာ
ယိုင်ထွေငါမူးယစ်ကာ
ရီဝေစွာလမ်းသလားလာ
ပျော်စရာရှာရင်းမျက်ရည်ဝဲ
ငိုချင်စိတ်ထိန်းလို့...မရခဲ့
အာရုံတွေပြောင်းစေဖို့
ငါလေအကုန်လျှောက်သွားတယ်
ငါလေတစ်ချိန်လုံးသောက်တယ်
သို့သော်လဲငါလွမ်းဆဲပဲ
ငါ့ကိုယ်ငါထိုင်ဆဲနေမိတယ်
ပေတေလေလွင့် ငါဟာပေတေလေလွင့်
လေနှင်ရာလွင့်ခဲ့တဲ့အမှိုက်တစ်စလို
ငါလမ်းဘေးမှာ...
အသဲကွဲအပေအတေတစ်ယောက်ပါ
ပေတေလေလွင့် ငါဟာပေတေလေလွင့်
ကြုံသလိုဖြတ်သန်းတော့မယ်ငါ့ဘဝကို
နင်မှမရှိတာ... ငါဘာတွေဂရုစိုက်ရမလဲကွာ
လျှောက်သွားလျှောက်သွားတယ်ငါမိုးလင်းပေါက်
သောက်စားမှောက်သွားလဲငါလွမ်းစိတ်မပျောက်
ဟိုနေရာရောက်ဒီနေရာရောက်
လူတွေပေါင်းစုံနဲ့ Night Out
တွေ့ကရာတွေသောက်
ငါ့ကိုချဉ်းကပ်တဲ့ယောကျာ်းတွေအများကြီးပဲ
အားရင်ချိန်းတွေ့ဖို့အီစီကလီတွေထားကြည့်တယ်
နင့်ကိုမေ့နိုင်ဖို့အပျော်တွေငါတွဲကြည့်တယ်
ဒါပေမဲ့ငါ့စိတ်မှာနင်တစ်ယောက်တည်းရှိတယ်
ငါ့ကိုကြည့်ပြီးနင်ရယ်နိုင်ပါတယ်
နင့်New Girlfriendသူဌေးသမီးနဲ့ငါဘယ်ယှဉ်နိုင်မှာလဲ
သူဆင်မြန်းတဲ့LVဝမ်းဆက်က
ငါ့တစ်ဘဝလုံးထက်ကြီးမြတ်ပြီးတော့ အဖိုးထိုက်တန်ပါတယ်
မေတ္တာချင်းယှဉ်ပြိုင်ရင်တော့
ငါ့ဘက်ကရာနှုန်းပြည့်အပြတ်အသတ်ကိုနိုင်မှာပဲ
ခြေတိုသွားမယ်နင်ရှာကြည့်လိုက်
ငါ့လောက်နင့်ကိုဘယ်သူကများပိုချစ်နိုင်မှာလဲ
ဘဝပျက်နေပြီ ဘဝပျက်နေပြီ
ယောကျာ်းတစ်ယောက်အတွက်ငါ့ဘဝကစုတ်ပြတ်နေပြီ
ပေါက်တတ်ကရတွေပေါင်းစုံလုပ်တတ်နေပြီ
စက္ကူစုတ်လိုငါ့အဖြစ်ကသရုပ်ပျက်နေသည်
တရားနဲ့ဖြေချင်လည်းငါ့မှာတရားမရှိ
ငါ့ရဲ့အကျင့်တွေကအရင်ကနဲ့တခြားစီ
လူတွေငါ့ကိုအကုန်ဝိုင်းပြီးတော့သနားသည်
မိစန္ဒီဆိုတဲ့တစ်ယောက်မြောင်းထဲရောက်သွားပြီ
ပေတေလေလွင့် ငါဟာပေတေလေလွင့်
လေနှင်ရာလွင့်ခဲ့တဲ့အမှိုက်တစ်စလို
ငါလမ်းဘေးမှာ
အသဲကွဲအပေအတေတစ်ယောက်ပါ
ပေတေလေလွင့် ငါဟာပေတေလေလွင့်
ကြုံသလိုဖြတ်သန်းတော့မယ်ငါ့ဘဝကို
နင်မှမရှိတာ ငါဘာတွေဂရုစိုက်ရမလဲကွာ
နင်ကအတ္တကြီးပြီးရက်စက်တဲ့ယောက်ျား
အောင်မြင်မှုနဲ့ငွေပဲကြည့်တတ်တဲ့ယောက်ျား
အချစ်ကိုတန်ဖိုးမထားသစ္စာမဲ့တဲ့ယောက်ျား
အဲ့လိုယောက်ျားမျိုးကိုမှချစ်ခဲ့မိတာငါ့အမှား
နင့်စံနှုန်းနဲ့ယှဉ်ရင်အရာရာမှာနိမ့်ကျ
ထားခဲ့လိုက်ငါကအသုံးမကျတဲ့မိန်းမ
အချစ်ကြောင့်ဘဝပါပျောက်ဆုံးသွားတဲ့မိန်းမ
အသဲကွဲပြီးလမ်းဘေးကိုရောက်သွားတဲ့မိန်းမ
ရန်ကုန်မြို့ကြီးထဲမှာ
ယိုင်ထွေငါမူးယစ်ကာ
ရီဝေစွာလမ်းသလားလာ
ပျော်စရာရှာရင်းမျက်ရည်ဝဲ
ငါ့ကိုယ်ငါထိုင်ဆဲနေမိတယ်
ပေတေလေလွင့် ငါဟာပေတေလေလွင့်
လေနှင်ရာလွင့်ခဲ့တဲ့အမှိုက်တစ်စလို
ငါလမ်းဘေးမှာ
အသဲကွဲအပေအတေတစ်ယောက်ပါ
ပေတေလေလွင့် ငါဟာပေတေလေလွင့်
ကြုံသလိုဖြတ်သန်းတော့မယ်ငါ့ဘဝကို
နင်မှမရှိတာ ငါဘာတွေဂရုစိုက်ရမလဲကွာ



Autor(en): Mi Sandi


Mi Sandi feat. Jewel - A Thae Kwal A Pay A Tay
Album A Thae Kwal A Pay A Tay
Veröffentlichungsdatum
31-08-2019



Attention! Feel free to leave feedback.