Mi Sandi - Empty Pocket Songtexte

Songtexte Empty Pocket - Mi Sandi




ပိုက်ဆံလေးတွေ အတောင်ပံပေါက်ပြီး
ဟိုးအမြင့်ဆုံးကို ဝဲပျံသွားပြီ
နှုတ်ဆက်လိုက်ပါသည်
အကြွေးပြန်တောင်းဖို့ လိုက်ရှာနေလဲ
ပိုက်ဆံချေးသွားတဲ့ ငါ့သူငယ်ချင်းများသည်
ပုန်းရှောင်ထွက်ပြေးသည်
ပြတ်တုန်း လပ်တုန်း 23တောင်မဟုတ်
လခထုတ်ပြီး5ရက်နဲ့ရသမျှ အကုန်ပြုတ်
အိုးးးဟို...ပြုတ်ပြုတ်ပြုန်းသွားပြီ
အိပ်မက်ပါပဲ စိတ်ကူးပါပဲ
လက်တွေ့မှာကျတော့တကယ်ဖြစ်မလာခဲ့
ပိုက်ဆံစုတဲ့စီမံကိန်းများသည်
An Empty Pocket.A Hungry Stomach
ငါ့ရဲ့ဘဝကအဖြစ်ဆိုးလှသည်
ငါ့ကိုကယ်တင်မဲ့သူမရှိ
An Empty Pocket.A Hungry Stomach
ငါ့ရဲ့ဘဝကအဖြစ်ဆိုးလှသည်
ငါ့ကိုစာနာမဲ့သူမရှိ
ငါအရမ်း မွဲနေပြီ...
ငါအရမ်း မွဲနေပြီ...
ငါအရမ်း မွဲနေပြီ...
ငါအရမ်း မွဲနေပြီ...
ကုန်ဈေးနှုန်းကြီးက ဆိုး
လခက မတိုး
အလကားနေခုန်တက်တဲ့ဆီဈေးက တစ်မျိုး
လမ်းဘေးမှာ ဝုတ်ဝုတ်လို့ ဟောင်ရတော့မယ်
တောင်းစားဖို့ ခွက်လေးတော့ ဆောင်ရတော့မယ်
Facebookမှာ စားသောက် ခရီးတွေထွက်
တချို့တချို့ကို အားကျကြည့်နေလျှက်
ကြည့်နေလျှက် feelတွေတက်ကာ ငိုချင်လာ
မသာယာတဲ့ကိုယ့်ဘဝကိုယ် ငြိုငြင်လာ
ဟိုမင်းသမီးလေးလို
Parisမှာ Shoppingထွက်ချင်မိလဲ
ငါ့လက်ထဲဆိုက္ကားခတောင်မရှိခဲ့
ငါ့ဘဝကခါးတယ် ခါးလှပါတယ်
သူများအတွဲများလို
ရည်းစားကိုSurpriseတွေတိုက်ချင်မိလဲ
ငါ့မှာတော့ကုန်းကောက်စရာ ပိုက်ဆံမရှိခဲ့
Sorryပါအချစ်ရယ် Sorryပါပဲ
An Empty Pocket.A Hungry Stomach
ငါ့ရဲ့ဘဝကအဖြစ်ဆိုးလှသည်
ငါ့ကိုကယ်တင်မဲ့သူမရှိ
An Empty Pocket.A Hungry Stomach
ငါ့ရဲ့ဘဝကအဖြစ်ဆိုးလှသည်
ငါ့ကိုစာနာမဲ့သူမရှိ
ငါအရမ်းမွဲနေပြီ...
ငါအရမ်းမွဲနေပြီ...
ငါအရမ်းမွဲနေပြီ...
ငါအရမ်းမွဲနေပြီ...
ပိုက်ဆံမရှိ စားစရာမရှိ
ရေသောက်ဗိုက်မှောက် ဝိတ်ကျပါ၏
ပိုက်ဆံမရှိ သွားစရာမရှိ
အိမ်တွင်းအောင်းတော့ အိပ်ရေးဝပါ၏
ပိုက်ဆံမရှိ စားစရာမရှိ
ရေသောက်ဗိုက်မှောက် ဝိတ်ကျပါ၏
ဖြစ်သမျှအကြောင်း
အကောင်းမြင်ပြီး ဒီလိုတွေးကျေနပ်လိုက်ပါ၏
An Empty Pocket.A Hungry Stomach
ငါ့ရဲ့ဘဝကအဖြစ်ဆိုးလှသည်
ငါ့ကိုကယ်တင်မဲ့သူမရှိ
An Empty Pocket.A Hungry Stomach
ငါ့ရဲ့ဘဝကအဖြစ်ဆိုးလှသည်
ငါ့ကိုစာနာမဲ့သူမရှိ
ငါအရမ်းမွဲနေပြီ...
ငါအရမ်းမွဲနေပြီ...
ငါအရမ်းမွဲနေပြီ...
ငါအရမ်းမွဲနေပြီ...





Attention! Feel free to leave feedback.