Oasix - Pyaw Yae Lar Songtexte

Songtexte Pyaw Yae Lar - Oasix




Baby ပျော်ရဲ့လား baby ပျော်ရဲ့လား
အဆင်ပြေနေပြီလား
လမ်းခွဲခဲ့ပြီးနောက် အရာရာမင်းသဘော
ပျော်ရဲ့လား ပျော်ရဲ့လား
ပျော်နေစေချင်တယ် အဆင်ပြေစေချင်တယ်
နေ့တိုင်းဆုတောင်းပေးတယ်
ကိုယ့်ရဲ့ဘဝကိုအသုံးချဖို့ဆို
မင်းလေးကြိုက်တာပြော
ကိုယ့်ကိုနည်းနည်းလေးလောက်သနားရင်ပေါ့
အားလုံးမင်းဂရုစိုက်ပါနော်
ဒီသီချင်းလေးမင်းလေးကြားရင်ပေါ့ baby
ချစ်သူ မျက်စိကိုခဏမှိတ်
မျက်လုံးထဲမှာဘာတွေမြင်ရလဲ
မင်းမရှိတဲ့ငါ့ရဲ့ကမ္ဘာကြီး
တကယ်ကိုနာကျင်နေရတယ်
လမ်းခွဲစကားပြောထွက်တာ နားမလည်
မင်းစကားကြောင့် ငါရင်များကွဲ
ငါထင်မထားတဲ့အချစ်က ဒီတစ်ခါ
တကယ်ကိုနာကျင်ရတယ်
အကြွင်းမရှိ ငါချစ်ခဲ့တာတကယ်တော့မင်းမသိ
ပိုင်ဆိုင်ဖူးတဲ့အရာကိုစွန့်လွှတ်ဖို့ခက်တယ်
စွဲလန်းတတ်တဲ့ငါ့စိတ်ကိုလဲ ငါတင်းမိတယ်
အရာရာရင်ဆိုင်ဖြေရှင်းကြည့်ချင်လဲ
ဒီအချိန်ငါ့အနားမှာမင်းမရှိ
မင်းမရှိတဲ့ငါ့ဘဝကအလင်းမရှိ
ဒါတွေကိုမင်းမသိ
စချစ်မိတဲ့သူကအရှုံးလား
မင်းအတွက်ငါ့အချစ်တွေအသုံးမကျ
မင်းပေးတဲ့အမုန်းများကြားမှာ
ရူးတော့မယ်ငါ့ဟာအရှုံးသမား
လက်မခံနိုင်လုံးဝ မင်းငါ့ကိုအဲ့ဒီလောက်မုန်းလား
ငါဆုံးရှုံးရတာမင်းပျော်ရွှင်မယ်ဆို မျက်နှာကိုပြုံးထား
ပျောက်သောသူကိုရှာရင်တွေ့ပေမယ့်
မင်းကတော့ငါ့ကိုကြာရင်မေ့
စဉ်းစားတိုင်းငါရင်လေးနေခဲ့
မင်းရှိမယ့်နေရာလေးတွေလိုက်ပြီးရှာချင်
လက်ခံဖို့ခက်တဲ့နာကျင်မှုတွေအရာမထင်
မချစ်တော့ဘူးလို့ ငါ့ကိုယ်ငါ
ဟန်ဆောင်ပြီးတော့မညာချင်
မဆိုင်တဲ့မပိုင်တဲ့ ပြောခွင့်မရှိတဲ့ဘဝရယ်
မင်းစိတ်ကြိုက်မင်းရွေးချယ်
ပျော်သလိုနေတော့ကွယ်
မတူဘူး မတန်ဘူး အကြောင်းပြချက်မင်းပေးလဲ
အားလုံးခွင့်လွှတ်ခဲ့တယ်
အရာရာအကုန်လုံးမင်းလေးသဘောပါပဲ
မင်းဘေးမှာပေကပ်ပြီးနေချင်တယ်
ခွင့်မပြုတဲ့မင်းကိုမကျေနပ်
ဖုန်းဆက်တဲ့ညတွေကိုရေတွက်ရင်း
ပြောင်းလဲတဲ့လောကကိုမကျေနပ်
မင်းမရှိတဲ့ဘဝမှာမနေတတ်
အသည်းခွဲမယ့်အစား ငါ့လာအသေသတ်
မင်းမိဘရဲ့စကားတွေချေဖျက်လို့
သံယောဇဉ်များပါအေးစက်ကာပျောက်ဆုံး
လူတစ်ယောက်ရဲ့အချစ်ဆုံးလူဖြစ်ချင်
ဖြစ်ချင်တာမင်းရဲ့နောက်ဆုံး
ဒီလမ်းတွေပေါ်မှာငါလျှောက်တုန်း
မင်းထွက်သွားမှာငါအကြောက်ဆုံး
ဘာကြောင့်တုန်း
တစ်ယောက်နဲ့တစ်ယောက်ချစ်ကြ နှစ်ယောက်လုံး
ဒီပုံပြင်လေးရဲ့နောက်ဆုံးမှာ
မင်းသမီးလေးရုတ်တရပ်ပျောက်ဆုံး
မဆိုင်တဲ့မပိုင်တဲ့ ပြောခွင့်မရှိတဲ့ဘဝရယ်
မင်းစိတ်ကြိုက်မင်းရွေးချယ်
ပျော်သလိုနေတော့ကွယ်
မတူဘူး မတန်ဘူး အကြောင်းပြချက်မင်းပေးလဲ
အားလုံးခွင့်လွှတ်ခဲ့တယ်
အရာရာအကုန်လုံးမင်းလေးသဘောပါပဲ





Attention! Feel free to leave feedback.