Sai Sai Kham Leng - Pee Yin Bar Hma Set Ma Phyit Boo Songtexte

Songtexte Pee Yin Bar Hma Set Ma Phyit Boo - Sai Sai Kham Leng




ဘဝ ဘဝ ဘဝ ဘဝ
ဘာလုပ်ရမှန်း မသိတော့ပါဘူး
အဖြေလဲမရှိတော့ပါဘူး
ဒီထပ်ပိုပြီး တခြားတယောက်လဲ မငြိတော့ပါဘူး
ငါ့အဖြစ်က အိပ်မက်ထဲလက်ပစ်ကူး ဘာမှလဲဆက်မဖြစ်ဘူး
စတွေ့တဲ့ အချိန်တွေကတည်းက အရမ်းတွေမွှန်ပြီး အရမ်းတွေရူး
ရင်ထဲမှာ တဒိုင်းဒိုင်း ခုန်နေတာ ဆူနာမီလို လှိုင်းနဲ့ကြုံနေတာ
မနက်အစောကြီး ချိန်းလိုက်တယ် နှစ်ယောက်တွဲ ဘုရားတွေဖူး
မင်းပါးစပ်က ဖောရှော ဘယ်တော့မှလဲ သစ္စာမပျက်ဘူး
Tattoos ဆင်တူထိုးမယ်ပြောတယ် သေရာပါအောင် လုံးဝမပျက်ဘူး
မင်းက အာလူးသိပ်များတယ် ကြက်သားနဲ့ ငါချက်စားမယ်
ကြင်နာတဲ့စကားတွေပြောပြီး မသိမသာလေး ငါဖက်ထားတယ်
မင်းကြိုက်တဲ့ မုန့်တွေစားတယ် ဂိမ်းကစားပြီး လျှောက်လည်ကြတယ်
ဓါတ်ပုံတွေရိုက်ပြီးတော့ Check inတွေလုပ်တယ်
တရွာလုံးမှာရှိတဲ့ အမျိုးတွေကို လျှောက်ပတ်ကြွားတယ်
ညနေခင်းဆို မြန်မာပလာဇာ ကော်ဖီဆိုင်မှာ
နောက်ပြီးတော့ ရုပ်ရှင်ရုံအတူတူသွားပြီး
မင်းကြိုက်တဲ့ မြန်မာကား အတွဲခုံမှာကြည့်တယ်
တီဗီထဲက ဇာတ်လမ်းတွဲလို မင်းသားမင်းသမီး ညားမယ်ထင်လို့
ဖုန်းတွေပြောတာ မိုးတောင်လင်းတယ် ပြီးတော့ဘာမှဆက်မဖြစ်ဘူး
အကြည့်ခြင်းဆုံတယ် ရင်တွေခုန်တယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ဖုန်းတွေပြောတယ် စကားတွေပြောတယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ပန်းခြံသွားတယ် လျှောက်လည်ကြတယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ရုပ်ရှင်ရုံထဲမှာတောင် လက်ကိုင်လိုက်သေးတယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ဇာတ်မျော ဇာတ်မျော
ဟက်ကော့တွေဖြစ်နေခဲ့ ဇာတ်မျော
ဇာတ်မျော ဇာတ်မျော
ဟက်ကော့တွေဖြစ်နေခဲ့ ဇာတ်မျော
အလုပ်ကိစ္စခရီးသွားရင် လေဆိပ်မှာလဲလာကြိုပါတယ်
မင်းအိမ်က မိဘနဲ့ ကွိုင်တက်ရင်လဲ လာငိုပါတယ်
အေး မင်းစိတ်ကြိုက်ပြော အိုကေတယ် မင်းရဲ့သဘော
တခါတလေလဲ အပြုအစုနဲ့ အယုအယမှာမျော
ဒါတွေက ခဏတဖြုတ်မဟုတ် အချိန်တွေတိုင်း တိုင်ပင်တယ် အရာရာတိုင်း
ချောကလက်တွေတောင် ကျွေးလိုက်သေးတယ် ပန်းစည်းတွေနဲ့ ဗယ်လင်တိုင်း
ရေခမ်းတဲ့အချိန်တွေမှာ ဖုန်းဘေလ်ဖြည့်ဖို့ မင်းက ပိုက်ဆံချေးတယ်
ဒီတိုင်းတော့ အဆင်ပြေတယ် အဆင့်တွေတက်ဖို့ မနက်ဖြန်ဆက်ရန် မရှိခဲ့
ငါ့မွေးနေ့အတွက်G-Shockတလုံး မင်းငါ့ကို လက်ဆောင်ပေးတာ
အဲ့ဒီ့နေ့က T-Shirtတောင် ဆင်တူဝတ်တယ် အနက်ရောင်လေးပါ
မျှော်လင့်မိတာ မှားသလား အထင်နဲ့အမြင်က ခြားနား
ဇာတ်မျောကြီးဖြစ်နေခဲ့ပြီ အနာဂတ်တွေ ဝေဝါးသွား
အိမ်ကတောင်မေးနေပြီ ဘာပြောရမှန်းမသိ အခြေအနေက ဘာမှမထူး
ပတ်ဝန်းကျင်ရှေ့မှာ အထာလေးနဲ့ပြုံးနေတယ် ဘာမှမရှင်းပြဘူး
သူငယ်ချင်းလဲမကဘူး မင်းရည်းစားလဲမကျဘူး
ဖုန်းတွေပြောရင် မိုးတောင်လင်းတယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
အကြည့်ခြင်းဆုံတယ် ရင်တွေခုန်တယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ဖုန်းတွေပြောတယ် စကားတွေပြောတယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ပန်းခြံသွားတယ် လျှောက်လည်ကြတယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ရုပ်ရှင်ရုံထဲမှာတောင် လက်ကိုင်လိုက်သေးတယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ဇာတ်မျော ဇာတ်မျော
ဟက်ကော့တွေဖြစ်နေခဲ့ ဇာတ်မျော
ဇာတ်မျော ဇာတ်မျော
ဟက်ကော့တွေဖြစ်နေခဲ့ ဇာတ်မျော
ဇာတ်မျော ဇာတ်မျော
ဟက်ကော့တွေဖြစ်နေခဲ့ ဇာတ်မျော
ဇာတ်မျော ဇာတ်မျော
ဟက်ကော့တွေဖြစ်နေခဲ့ ဇာတ်မျော
အကြည့်ခြင်းဆုံတယ် ရင်တွေခုန်တယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ဖုန်းတွေပြောတယ် စကားတွေပြောတယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ပန်းခြံသွားတယ် လျှောက်လည်ကြတယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ရုပ်ရှင်ရုံထဲမှာတောင် လက်ကိုင်လိုက်သေးတယ် ပြီးရင်ဘာမှဆက်မဖြစ်ဘူး
ဇာတ်မျော ဇာတ်မျော
ဟက်ကော့တွေဖြစ်နေခဲ့ ဇာတ်မျော
ဇာတ်မျော ဇာတ်မျော
ဟက်ကော့တွေဖြစ်နေခဲ့ ဇာတ်မျော



Autor(en): sai sai kham leng



Attention! Feel free to leave feedback.