Snare feat. Bunny Phyoe - Eain Kalay Songtexte

Songtexte Eain Kalay - Snare , Bunny Phyoe




ဒီသီချင်းလေး မင်းအတွက်ရေးစပ်ခဲ့တာဒီရင်ဘတ်ကြီးနဲ့
ငါမင်းနဲ့ပေါင်းမယ့် တစ်နေ့နေ့ဘဝကို ပုံဖော်စိတ်ကူးတယ်
ငါတို့ရဲ့ ငယ်ငယ်လေးက အကြောင်းပါပဲ
ကမ္ဘာပေါ်က အကောင်းစားတိုက်အိမ်နဲ့မလဲ
ငါတို့ရဲ့အိမ်ကလေးက ငြိမ်းချမ်းနေဆဲ
သစ်ပင်တွေပန်းပင်တွေ စိမ်းလန်းနေခဲ့
တန်ဖိုးဖြတ်မရဘူး သိန်းသန်းကုဋေနဲ့
စိတ်ရှူပ်ရင် ခြံထဲဆင်း ဒန်းကလေးကိုစီး
လှပတဲ့အိမ်ရှေ့က လမ်းကလေးကိုကြည့်
မင်းကြိုက်တဲ့သီချင်းတွေကို ဆိုပြမယ်ငါက
ဘေးနားမှာ ထိုင်ရင်း ဂီတာလေးတီး
နှစ်ယောက်တူတူ စိတ်ကြိုက် ဟင်းချက်စားမယ်
သရဲကားကြည့်ရင် ကြောက်လို့တဲ့
အတင်းဖက်ထားတယ်
အနာဂတ်ကိုဆေးခြယ်မယ်
မင်းနဲ့ငါ့ရဲ့ အိမ်ကလေးအကြောင်းသီချင်းစပ်ထားမယ်
ခွေးကလေးခြံထဲမှာ ပတ်ဆော့ပြီးပြေးနေ
တစ်ခါတစ်လေ ရန်ဖြစ်
ပြီးတော့လည်း အေးဆေး
ပိုပြီးတော့ပြည့်စုံသွားအောင် ငါတို့ရဲ့ရှေ့ရေး
ကလေးလေးတွေ အများကြီးမွေးပေး
ဘယ်တော့မှမခွဲဘဲ အတူတူနေဖို့
အို မင်းနဲ့ ငါ့ရဲ့အိမ်ကလေးကို
အတူတည်ဆောက်ကြမယ်
နွေးထွေးတဲ့အချစ်များနဲ့...
တိမ်တွေကို မင်းစိတ်တိုင်းကျပုံဖော်လိုက်အုန်း
ကဗျာတွေကို မင်းလေးဖက်ဖို့ငါရေးမယ်
အိမ်ခေါင်မိုးအထက်မှာ ကြယ်တွေငေးကြည့်ကာ
ရေတွက်လို့...
ငါတို့အိမ်လေး...
ဟိုးဝိုးအိုးဟိုး
ငါတို့အိမ်လေး
ငါတို့အိမ်လေး
ငါတို့အတွက် လုံခြုံတဲ့အိမ်ကလေးထဲမှာ
ငါတို့တွေအတူတူ ခိုလှုံရအောင်
မင်းလက်ကိုတွဲပီးတော့ တစ်သက်လုံးလျှောက်ရင်း
မနက်လင်းတိုင်း မင်းဖျော်တဲ့ ကော်ဖီလေးသောက်ချင်
တစ်ခါတစ်လေမှာ စိတ်ဆိုးလို့ စိတ်ကောက်ရင်ချော့မယ်
ခြံထဲမှာစိန်ပန်းပြာ
ချယ်ရီနဲ့ ပိတောက်ပင်
တစ်ရာသီကို တစ်ပန်းစီပွင့်
မင်းလေးက သဘောကျလို့အရမ်း ရီပစ်
ငါ့သီချင်းတွေအားလုံးကို တန်းစီဖွင့်
စိတ်ကူးထဲက အိမ်ကလေးကိုမှန်းကြည့်ခြင်း
ငါတို့ခြံဝန်းလေးထဲ အပင်တွေစိုက်မယ်
ညဆို သတိ
ခြံထဲမှာ ခြင်တွေကိုက်တယ်
မင်းချက်တဲ့ ဟင်းတွေကို ငါဂျီးမများ
လုပ်လိုက် မင်းလက်ရာတွေကို တစ်ဝကြီးစား
ခရီးသွားပါ အချစ်ဆုံး
အချိန်ပေးမယ်
ပြီးရင် အိမ်ပြန်နား
အတူတူ ဇိမ်ကလေးနဲ့
ခွေးကလေးတွေအကြောင်း
သီချင်းလေးတွေ အငြိမ်ရေးမယ်
အနာဂတ်မိသားစု ခြံဝန်းနဲ့အိမ်လေးထဲ
အိုးအိုး ကြည်နူးစရာပါ
ငါတို့ ကိုယ်ပွားလေးတွေအတွက်
ရည်စူးတာငါ
တောင်တန်းနဲ့ရှူခင်းတွေ ကြည့်ဖူးမှာပါ
အဲ့လိုလှပတဲ့အိမ်
ဒီတစ်ခုက ကမ္ဘာ
ဘယ်တော့မှမခွဲဘဲ အတူတူနေဖို့
အို မင်းနဲ့ ငါ့ရဲ့အိမ်ကလေးကို
အတူတည်ဆောက်ကြမယ်
နွေးထွေးတဲ့အချစ်များနဲ့...
တိမ်တွေကို မင်းစိတ်တိုင်းကျပုံဖော်လိုက်အုန်း
ကဗျာတွေကို မင်းလေးဖက်ဖို့ငါရေးမယ်
အိမ်ခေါင်မိုးအထက်မှာ ကြယ်တွေငေးကြည့်ကာ
ရေတွက်လို့...
ငါတို့အိမ်လေး...
ဟိုးဝိုးအိုးဟိုး
ငါတို့ရဲ့အိမ်လေး
အိုးဟိုး...
ငါတို့အိမ်လေး...



Autor(en): Snare


Snare feat. Bunny Phyoe - Puu Twal Champion
Album Puu Twal Champion
Veröffentlichungsdatum
12-02-2018



Attention! Feel free to leave feedback.