Irene Zin Mar Myint - A Mat Ta Ya Lan Ka Lay paroles de chanson

paroles de chanson A Mat Ta Ya Lan Ka Lay - Irene Zin Mar Myint




ဒီ အချိန်လေး ရောက်ရင် အမြဲတမ်း ကိုယ် သတိရ
ထီး ကလေး လည်း မပါ အဖော်မဲ့ လမ်းမ
အချိန်မှန် လာလေတဲ့ ဒီမိုး
အို ညိုမှောင်ကာ ရွာချိန် အဖြစ်အပျက် များ
သူ ညင်သာစွာ ဝင်ကာ အကြင်နာ အုပ်မိုး
မမျော်လင့်တဲ့ ဆုံတွေ့ ခြင်းများ
ကံကြမ္မာစေရာ ဖြူစင်စွာ သူငယ်ချင်း
ကိုယ် နှောင်တွယ်နေ တာတွေ မင်း သိနိုင်မလား
ဒီ အချိန်ဆို ကိုယ်လေ မျော်လင့်တိုင်း...
အို မင်း အနားက ဘဝလေး ဆုံးတိုင်
ပျော်ဝင် ကိုယ် အလွမ်းများနဲ့
ကိုယ် မျော်လင့်တိုင်း...
အို မင်း အချစ်နဲ့ ဘဝလေး ဆုံးတိုင်
နေချင် စိတ်ကူးလေးများ တွေးလေတိုင်း
အို ဒီနေ့ တစ်နေ့ကို အမြဲတမ်း အို မေ့မရ
ရင်မှာ မျော်လင့်ခဲ့တဲ့ နွေဝင် လမ်းမ
ဟင်း ကိုယ့်ရင်ထဲခုန်ရင်း မျော်လင့်မိခဲ့ပြီ
မင်းကို ကိုယ် လိုက်လို့ ရှာနေတယ်
မင်းသိနိုင်မလား
ကြင်နာသူရယ် နေပူမှာ လျောက်ရင်း
အပြေးအလွား လိုက်ရှာ ဘယ်မှာ ထီးလေး
အို ရုတ်တရက် တွေ့ရှိ
ရင်မှာ ဝမ်းနည်း ရပြီ
အို သူ့ ထီးအောက် မှာ အကြင်နာဆုံး လေး...
ဒီ အချိန်ဆို ကိုယ်လေ မျော်လင့်တိုင်း...
အို မင်းအနားက ဘဝလေး ဆုံးတိုင်
ပျော်ဝင် ကိုယ် အလွမ်းများနဲ့
ကိုယ် မျော်လင့်တိုင်း
အို မင်း အချစ်နဲ့ ဘဝလေး ဆုံးတိုင်
နေချင် စိတ်ကူးလေးများ တွေးလေတိုင်း
ဒူ ဒူး ဒူး ဒူ ဒူ...
ဟူ ဟူး ဟူး... ဝူး...
ဒီ အချိန်ဆို ကိုယ်လေ မျော်လင့်တိုင်း...
ဟို မင်း အနားက ဘဝလေး ဆုံးတိုင်
ပျော်ဝင် ကိုယ် အလွမ်းများ နဲ့
ကိုယ် မျော်လင့်တိုင်း...
ဟို မင်း အချစ်နဲ့ ဘဝလေး ဆုံးတိုင်
အချစ် ဆုတောင်းများ နဲ့ ရောက်ခဲ့ လေတိုင်း



Writer(s): Shwe Gyaw Gyaw



Attention! N'hésitez pas à laisser des commentaires.
//}