Ah Moon - First Love текст песни

Текст песни First Love - Ah Moon




အမွန်း: ပထမဆုံးချစ်တဲ့ ဒီနေ့လေး
ပထမဆုံး အနမ်းလေးကို နင်ပေး
ပထမဆုံး ချစ်တဲ့အကြောင်းတွေ
ပထမဆုံး မင်းအတွက်ပဲလေ
ပထမဆုံး ပြောတဲ့ ဒီနေ့လေး
ပထမဆုံး ချစ်တတ်နေပြီလေ
ပထမဆုံး ထားခဲ့မှာကိုတွေး
ပထမဆုံး ချစ်သူလေးရေ
ပထမဆုံး တောင်းဆိုပါရစေ
ပထမဆုံး မသွားလိုက်ပါနဲ့အဝေး
Rap: အချစ်ကို ကဗျာတွေစာတွေထဲမှာ
ဖွဲ့နွဲ့ထားတယ် ဘာဆိုတာနားမလည်
ခံစားချက်က ပူလားအေးလား စိတ်မဝင်စားခဲ့
သိပ်ချစ်ချင်တာပဲ အရမ်းကိုတအားပဲ
ဒါပေမဲ့ ငါ့ပုံက အူကြောင်ကြားလေးလုပ်
ဘယ်သူ စိတ်ဝင်စားမလဲ
ဒီလိုနဲ့ ကံတရားက မျက်နှာသာပေး
ကောင်မလေးတယောက် ငါ့ကို ကြိုက်နေတယ်
စိတ်လှုပ်ရှားတယ် နှစ်ယောက်အတူကျင်းပခဲ့တဲ့
မိတ်ဆုံစားပွဲ ယုံမလားမသိဘူး
မင်းရောစိတ်ထဲ မင်းပိုလိုလှတယ်
သူများနဲ့မတူတဲ့ အချစ်နဲ့ချစ်ပြမယ် ရတယ်
မုန်းတယ်ဆိုတဲ့ စကား လုံးဝမပြောနဲ့
အပြောနဲ့ အလုပ်နဲ့ သက်သေပြမယ်
ကြုံလာမယ့် အခက်အခဲများစွာကို ရင်ဆိုင်ကာ
တိုက်မယ် ခိုက်မယ် ဆောင့်ကန်ပလိုက်မယ်
ပထမဦးဆုံး မင်းနဲ့ချစ်တဲ့နေ့မှာ
ငါ့ရင်ဘတ်က ဖို့လို့ဖတ်လတ်
ပထမဦးဆုံး မင်းရဲ့လက်လေးကိုင်ကာ
ငါ့စိတ်ထဲမှာ ရှိးတိုးရှက်တတ်
ပထမဦးဆုံး မင်းရဲ့အနမ်းလေးလိုချင်ခဲ့တာ
ငါ့ရင်ထဲမှာ ပိုးစိုးပက်စက်
မခိုးတရိုးရှက်တတ် ငါ့ရဲ့နှလုံးသားလေး
မင်းနဲ့တွေ့မှ ရိုးတိုးရပ်တန့်
ဒီမှာ ကောင်မလေး ငါ့ကိုထားပြီးတော့
ဟိုးအဝေးမသွားပါနဲ့ မင်းရဲ့အနားမှာပဲ
နေချင်တယ် တချိန်လုံး မင်းနဲ့အတူ ချစ်မယ့်သူ
ဘယ်တော့မှ လမ်းခွဲဖို့မဖြစ်နိုင်တော့ဘူး ဟေ့
နောက်တယောက်မထားဘူး ဟေ့
ယုံကြည်လိုက်ပါ ချစ်သူ
ပထမဦးဆုံးနဲ့ နောက်ဆုံး မင်းလေးက
ထာဝရ လက်တွဲဖော် ချစ်သူ ...
အမွန်း: ပထမဆုံးချစ်တဲ့ ဒီနေ့လေး
ပထမဆုံး အနမ်းလေးကို နင်ပေး
ပထမဆုံး ချစ်တဲ့အကြောင်းတွေ
ပထမဆုံး မင်းအတွက်ပဲလေ
ပထမဆုံး ပြောတဲ့ ဒီနေ့လေး
ပထမဆုံး ချစ်တတ်နေပြီလေ
ပထမဆုံး ထားခဲ့မှာကိုတွေး
ပထမဆုံး ချစ်သူလေးရေ
ပထမဆုံး တောင်းဆိုပါရစေ
ပထမဆုံး မသွားလိုက်ပါနဲ့အဝေး ...
Rap: နားလည်မှုလေးတွေ မင်းနဲ့ငါ့နဲ့ကြားထဲမှာ
လွဲတာလေးတွေရှိမယ် ဒါဘယ်သူသိမလဲ
ဘေးနားက စင့်ထိုးတဲ့ကောင်တွေကိုလဲ
မမြင်ချင်ယောင်ဆောင် ငါသိတယ်
ကြားစကားတွေ ယုံမှာလား
မင်းနဲ့ငါ မာနတွေ ကိုယ်စီထားမယ်ဆိုရင်
တနေ့နေ့တော့ ဝေးမယ် ကလေးရယ်
မတွေးနဲ့ နှစ်အတူဖြေရှင်းလို့ရတဲ့အဆုံး
မင်းနဲ့ငါ ညှိနှိုင်းကာ ရှင်းမယ်
ငါက မင်းအတွက်ပေါ့ စူပါမန်း
အင်္ဂါဂြိုလ်ပေါ် တက်မယ်ဆိုရင် လက်ကိုင်လိုက်စမ်း
မင်းကိုနှောင့်ယှက်နေတဲ့ ရန်သူတွေကို
စိတ်ခေါ်တယ် ငါက အမြဲလို 1by1
ညတိုင်းပဲ တယ်လီဖုန်းတွေပြော လွင့်မျော
မင်းနဲ့ငါ ပျော်ရွင်ဖူးတဲ့ အကြောင်းတွေပေါ့
အာညောင်းနေရော
အရမ်းကို လွမ်းပါတယ် အရမ်းကို ချစ်ပါတယ်
အဲ့ဒိစကား အပ်ကြောင်းထပ်နေရော
အချိန်တွေကြာလာလဲငါ သံယောဇဉ်ကကြီးလာ
အချစ်နဲ့သစွာရှိမှု ပေါင်းစပ်လိုက်ကာ ကြီးထွား
ဘာကြောင့်များဖြစ်ဖြစ် ရှေ့ဆက်ချစ်မှာ
မိဘအသိုင်းအဝိုင်းများက တားဆီးလို့မဖြစ်ပါ
အချစ်ရာ သိလား မင်းနဲ့ငါနစ်ဦးသဘောတူ
ရင်ဆိုင်မယ်ဖြစ်တာ
အဆိုးအကောင်း အကျိုးအကြောင်းဆိုတာ
ကိုယ်ဖန်တီးမှ ဖြစ်တာ
ပထမဦးဆုံး ချစ်သူလေးရာ
အမွန်း: မင်းကို ချစ်တယ်
မင်း ဟိုအဝေးမသွားလိုက်ပါနဲ့
တို့အချစ်ဦးရယ်
Rap: ငါ့ဘဝမှာ မင်းမရှိလို့ လုံးဝ လုံးဝ လုံးဝ
မဖြစ်နိုင်တော့ဘူး ...
အမွန်း: အတားအဆီးများ မကြောက်ဘူး
ကြားစကားများ မယုံဘူး
မင်းက တို့အချစ်ဦး
အစောဆုံးချစ်ရသူ
အို အလွမ်းများမလိုချင်ဘူး
ပထမဆုံး အရင်ဆုံး နောက်ဆုံး အချစ်ဆုံးဟာ
မင်း တယောက်တည်း
(ပထမဆုံးချစ်တဲ့ ဒီနေ့လေး
ပထမဆုံး အနမ်းလေးကို နင်ပေး
ပထမဆုံး ချစ်တဲ့အကြောင်းတွေ
ပထမဆုံး မင်းအတွက်ပဲလေ
ပထမဆုံး ပြောတဲ့ ဒီနေ့လေး
ပထမဆုံး ချစ်တတ်နေပြီလေ
ပထမဆုံး ထားခဲ့မှာကိုတွေး
ပထမဆုံး ချစ်သူလေးရေ
ပထမဆုံး တောင်းဆိုပါရစေ
ပထမဆုံး မသွားလိုက်ပါနဲ့အဝေး)×2




Ah Moon - Min Pay Tae a Chit
Альбом Min Pay Tae a Chit
дата релиза
21-08-2014



Внимание! Не стесняйтесь оставлять отзывы.
//}