Mi Sandi - Aye Aye Say Say текст песни

Текст песни Aye Aye Say Say - Mi Sandi




Hello!! ရည်းစားဟောင်းလေးရေ
ဒီသီချင်းကနင့်ကိုပေါ်တင်ကြီးစောင်းဆိုထားတာ
ချစ်လွန်းလို့တော့မဟုတ်ဘူး
အမြင်ကတ်လွန်းလို့
ဟဲ့... သိပ်ပြီးတော့ဘဝင်မြင့်မနေနဲ့
ငါ့သီချင်းကိုအဆုံးထိနားထောင်
ကြားလား!!!
လမ်းခွဲပြီးပြီပဲ
ဘာကြောင့်များဖုန်းတွေဆက်ကာ
ခုချိန်ထိနင်လိုက်နှောင့်ယှက်နေတာလဲ
ပြောတတ်လိုက်တာကွယ်
အစတုန်းကတော့သေမလိုပဲ(ငါ့ကိုချစ်ခဲ့တာ)
မင်းအပေါင်းအသင်းတွေနဲ့
အခုချိန်ငါ့ရဲ့အကြောင်းကိုပြောကာ
မင်းလေးဟားတိုက်လို့ရယ်နေလည်း
အသည်းများကွဲနေမယ်
ဒီလိုတွေးပြီးတော့ထင်မနေနဲ့
အရင်လိုမဟုတ်ဘူးငါ့စိတ်တွေ
အဆင်ပြေနေသားကျလို့နေ
အချိန်ကုန်ခံပြီးရူးတော့မတန်ပါလေ
အေးအေးဆေးဆေးလေးနေမယ်
အပူအပင်တွေမရှိတော့ဘူးအရင်လိုကွယ်
တဖြည်းဖြည်းသွေးလေးအေးလာတယ်
အေးအေးဆေးဆေးပဲနေကွယ်
လူတွေရယ်အချစ်တွက်နဲ့အချိန်ကုန်တယ်
အေးအေးဆေးဆေးပဲနေမယ်
အချစ်အတွက်မရူးနဲ့ အိုး (No)
Yo!! နားထောင်Come On!!!
အချစ်အတွက်နဲ့ရူး
ရူးသာရူးလည်းဘာမှထူးမလာဘူး
ဖက်ကျခဲ့ဆူး
သက်ညှာမှုတွေကင်းမဲ့
အဆူးဟာဆူး
အခုမှ တွက်ဆခဲ့ဖူးတာ
လက်တွေ့ကြုံလာခဲ့ရာတစ်ခုငါအခု
သိပြီလေ
အချစ်ဆိုတာမှန်းရခက်တယ်နော်
၏သည်မရွေး
ယုံမှတ်ထားတယ်ပုံအပ်ထားလည်း
ဖက်တွယ်ဖူးတဲ့သံယောဇဉ်တွေ
အကုန်ဖြတ်သွားတယ်နော်
လွဲချော်ခဲ့ဆုံမှတ်များနဲ့
မလိုသူပစ်ချလို့ထားခဲ့
တားလည်းမရပါမင်းထွက်သွားခဲ့
ငါကြားဆဲတစ်ချိန်ကမင်းစကားလည်း
ထာဝရအတူတူနေမယ်ဆိုတာရယ်
အခုတော့ဟာသပဲ
အေးအေးဆေးဆေးလေးနေမယ်
အပူအပင်တွေမရှိတော့ဘူးအရင်လိုကွယ်
တဖြည်းဖြည်းသွေးလေးအေးလာတယ်
အေးအေးဆေးဆေးပဲနေကွယ်
လူတွေရယ်အချစ်တွက်နဲ့အချိန်ကုန်တယ်
အေးအေးဆေးဆေးပဲနေမယ်
အချစ်အတွက်မရူးနဲ့ အိုး (No)
မပြီးသေးဘူးနားထောင်ဦး Yo!!
မင်းမရှိလည်းအေးဆေး
တစ်နေ့ကိုထမင်းသုံးနပ်
အချစ်ဆိုတဲ့အပူတွေကြားထဲရုန်းထွက်အဆုံးသတ်
သူငယ်ချင်းတွေဆီဖုန်းဆက်
Hello!!
မြို့အနှံ့လျှောက်သွားလို့ရယ် အပျင်းပြေ
ငါတို့ဆိုညည်းကြမယ် သီချင်းတွေ
တစ်ချိန်ကရူးသွပ်ဖူးတဲ့
ခပ်ပေါ့ပေါ့အချစ်မြေမှာချလို့နင်းခြေ
လွင့်ထွက်ဖိတ်စင်
သွားတဲ့အချစ်မလိုတော့ပါ
ဂျင်းနဲ့မိဿလင်
သူကြင်မှကိုယ်ကြင်နာမှာပေါ့
ဟုတ်တယ်မလား မင်းရဲ့စိတ်တွင်မှတ်
အရင်လိုလွမ်းလို့အသက်ရှူကြပ်
မနေဘူးမင်းနဲ့ထပ်တူအရပ်
ခုတော့လည်းနှမြောမိပါရဲ့
ကုန်သွားတဲ့အချိန်နာရီတွေအတွက်
အေးအေးဆေးဆေးလေးနေမယ်
အပူအပင်တွေမရှိတော့ဘူးအရင်လိုကွယ်
တဖြည်းဖြည်းသွေးလေးအေးလာတယ်
အေးအေးဆေးဆေးပဲနေကွယ်
လူတွေရယ်အချစ်တွက်နဲ့အချိန်ကုန်တယ်
အေးအေးဆေးဆေးပဲနေမယ်
အချစ်အတွက်မရူးနဲ့ အိုး (No)
လမ်းခွဲပြီးပြီပဲ
ဘာကြောင့်များဖုန်းတွေဆက်ကာ
ခုချိန်ထိနင်လိုက်နှောင့်ယှက်နေတာလဲ
ပြောတတ်လိုက်တာကွယ်
အစတုန်းကတော့သေမလိုပဲ




Внимание! Не стесняйтесь оставлять отзывы.