Hlwan Paing feat. Pan Yaung Chel - Diary Songtexte

Songtexte Diary - Hlwan Paing , Pan Yaung Chel




ဒိုင်ယာရီလေးတစ်ခုရဲ့အထဲ
ငါလေပြန်ပြီးတွေ့လာခဲ့
မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းဘဲ
ဘယ်လိုငါမေ့ရမှာလဲ
အချိန်တွေကြာလွန်းသွားပေမယ့်
နင်ရောဘဲလို့ငါထင်တယ်
ရက်စွဲထဲမှတ်လို့ထားတဲ့ အောက်တိုဘာ မှာ
ကျွန်တော့ချစ်သူဝတ်တဲ့အင်္ကျီအပြာ
နောက်ကနေတကောက်ကောက်လိုက်ကာ ဂျက်ဆင်အုံအနားမှာ
ချစ်တယ်လို့ပြောဖြစ်ခဲ့တာငါ
ရင်ထဲမှာပန်းတွေပွင့်သွားမလား
ဒါမှမဟုတ်ငါ့ကိုလေ ပါးရိုက်မလား
ကျွန်တော့ကိုစိတ်မဆိုးပါနဲ့နော် ကျွန်တော်အရမ်းချစ်လို့ပါ
နင်ပြောခဲ့တာငါ့ကိုလေ စဉ်းစားပေးမယ်
အချိန် ၃လ စောင့်တဲ့
နင်ပြောခဲ့တာငါ့ကိုလေ စဉ်းစားပေးမယ်
ရှက်သွေးလေးများနှင့်
ရင်ထဲမှာပန်းတွေကပွင့်တော့မလား
ငါ့ပါးကိုရိုက်မယ့်အစားနမ်းသွားပါတော့ကွာာ...
အဲ့နေ့ကကျွန်တော်အရမ်းပျော်ခဲ့တယ်
ကျွန်တော့ဘ၀ထဲမှာတော့အဲ့ဒိနေ့လေးကို
ကျွန်တော်ဘယ်တော့မှမေ့လို့ရတော့မှာမဟုတ်ဘူး
ပြီးတော့ကျွန်တော်စိတ်ကူးတွေလည်းအများကြီးယဉ်ခဲ့တယ်
သူနှင့်ချစ်သူဖြစ်ဖို့အတွက်ပေါ့ဗျာ
ရင်ထဲမှာပန်းတွေကပွင့်တော့မလား
ငါ့ပါးကိုရိုက်မယ့်အစားနမ်းသွားပါတော့ကွာာ.
ရက်စွဲထဲမှတ်မိသေးတဲ့ အောက်တိုဘာ မှာ
ကျွန်မနောက်မှတစ်ကောက်ကောက်နဲ့သူပါ.
နောက်ကနေတောက်လျောက်လိုက်ကာ ဂျက်ဆင်အုံနားမှာ
ချစ်တယ်တဲ့ကျွန်မဖြင့်ရှက်တာကွာ
ရင်ထဲမှာအရမ်းကိုလှုပ်ရှားသွား.
တစ်ခါတည်းဘဲသူ့ကိုအဖြေပေးရမလား
မဖြစ်သေးပါဘူး
ကျွန်မပြောခဲ့တာ ရှင့်ကိုလေစဉ်းစားပေးမယ်
နောက်သုံးလစောင့်တဲ့
ကျွန်မပြောခဲ့တာ ရှင့်ကိုလေစဉ်းစားပေးမယ်
ရှက်သွေးလေးများနှင့်
သူချစ်တယ်ပြောတာမုသားလား
(...)
အိုးအိုရယ်.
အဲ့နေ့က
ကျွန်မသူ့အကြောင်းတွေအများကြီးစဉ်းစားခဲ့တယ် သူကရိုးရိုးသားသားလေးပါ
ဒါပေမယ့်သူ့ကိုချက်ချင်းကြီးတော့အဖြေမပေးနိုင်သေးဘူးလေ
အဲတာကြောင့်သူ့ကိုစဉ်းစားပေးမယ်လို့ ကျွန်မပြောခဲ့တယိ
ဒါပေမယ့်ကျွန်မအရမ်းဘဲ ပျော်နေမိတယ်
ရင်ထဲမှာပန်းတွေကပွင့်တော့မလား?
ကျွန်မစဉ်းစားတဲ့အဖြေကိုတွေးကြည့်ပါတော့ကွာာ အာာဟ...
-Xiao




Attention! Feel free to leave feedback.