Mi Sandi feat. Thar Thar - Nga Mhar Chit Thu Shi Pee Thar Songtexte

Songtexte Nga Mhar Chit Thu Shi Pee Thar - Thar Thar , Mi Sandi




သူငါ့ရဲ့အတွေးထဲကို ဝင်လာပြီး
အနှောင့်အယှက်ပေးလွန်းလို့ အို
ငါစိတ်တွေရိုင်း အခြေအနေကလည်း အရမ်းပဲဆိုး
သူ့ကိုပတ်သက်ချင်လို့
ငါ ခိုးချစ်နေတဲ့အကြောင်းများ
သူသိအောင်
ဖွင့်ပြောဖို့ ငါကြိုးစား
မဖြစ်သေးပါ
ငါ့မှာ ချစ်သူရှိပြီးသား Oh no
သစ္စာမဲ့သူ ဖြစ်သွားမလား?
Facebook ထဲလည်း Chat နေတယ်
ညဘက် ဖုန်းလည်းဆက်နေတယ်
ရည်းစား ရှိတော့ ခက်နေတယ်
မဆုံတာကြာရင် လွမ်းနေတယ်
I know, you know
တို့နှစ်ယောက်အကြောင်း
ဘေးလူ တစ်ခြားသူတွေ မသိအောင်
ကန့်သတ်လို့ထား၊ လျှို့ဝှက်လို့ထားရင်း ကြွေ
ငါ သူ့ကိုသဘောကျတဲ့ အကြောင်းများ Oh
ငါ့ဘေးက မင်းလေး သိသွားမလား?
ငါ့စိတ်နဲ့ငါ မလုံတဲ့အတွေးက အိပ်မက်ဆိုးများလို
အခါခါ ခြောက်လှန့်နေတာ
ငါ ခိုးချစ်နေတဲ့အကြောင်းများ
သူသိအောင်
ဖွင့်ပြောဖို့ ငါကြိုးစား
မဖြစ်သေးပါ
ငါ့မှာ ချစ်သူရှိပြီးသား Oh no
သစ္စာမဲ့သူ ဖြစ်သွားမလား?
Unfollow လုပ်ထားလည်း
နင့် Facebook account ထဲ
ဝင်ဝင်ကြည့်နေမိတာ သူသိသွားမှာ ကြောက်တယ်
Psycho ဖောက်တယ်
ကြာရင် အရူးထောင်ရောက်မယ်
နင့်ကိုလွမ်းနေမိတယ် ငါ့ရည်းစားရဲ့နောက်ကွယ်
ညတိုင်း ဖုန်းဘေးနားမှာ နင့်ရဲ့ဖုန်းကိုမျှော်တယ်
နင့်အသံကြားရင် ဟန်မဆောင်နိုင် အရမ်းကို ငါပျော်တယ်
နင့်ကြောင့် ငါ့ရဲ့သမာဓိအားတွေ မခိုင်ဘဲ ချော်လဲ
စိတ်ထဲက ခိုးပြီး ငါအဆင့်တွေလည်း ကျော်ခဲ့
အချစ်ကို လှည့်ဖြားကာ အကောက်ကြံတဲ့သူ
သစ္စာမဲ့သူတွေကို ငါက လုံးဝမထောက်ခံတဲ့သူ
မဖြစ်ချင်ပါဘူး သူ့အပေါ် ဖောက်ပြန်တဲ့သူ
နင်လည်း ရှေ့ဆက်မတိုးပါနဲ့ကွာ
ကြိုးစား နောက်ပြန်လှည့် အခု
သွေးကြောများဆီက အသွယ်သွယ်ဆင်း
မျောပါနေတဲ့ ရင်ခုန်သံတွေ အားတင်းကယ်ဆယ်ရင်း
ဇာတ်လမ်းတွေအားလုံး အချိန်မလွန်ခင် ရှင်း
ဘယ်သူမှအထိမနာခင် ရပ်တန့်လိုက်စို့ သူငယ်ချင်း
ငါ ခိုးချစ်နေတဲ့အကြောင်းများ
သူသိအောင်
ဖွင့်ပြောဖို့ ငါကြိုးစား
မဖြစ်သေးပါ
ငါ့မှာ ချစ်သူရှိပြီးသား Oh no
သစ္စာမဲ့သူ ဖြစ်သွားမလား? Aye, aye, aye
ငါ ခိုးချစ်နေတဲ့အကြောင်းများ
သူသိအောင်
ဖွင့်ပြောဖို့ ငါကြိုးစား
မဖြစ်သေးပါ
ငါ့မှာ ချစ်သူရှိပြီးသား Oh no
သစ္စာမဲ့လေသူ တစ်ယောက်ပါ





Attention! Feel free to leave feedback.