Mi Sandi - Khaung Ohne Lay Songtexte

Songtexte Khaung Ohne Lay - Mi Sandi




အချစ်ကဘာလဲတဲ့
အနက်အဓိပ္ပါယ်အတိအကျမသိလည်း
တစ်ခုသိတာရှိတယ်
မင်းငါ့ကိုချစ်တာသေချာတယ်
ငါလည်းမင်းကိုချစ်တယ်
ဘာတွေထပ်လိုဦးမလဲ အားလုံးပြည့်စုံသွား
မေးခွန်းတွေမမေးနဲ့ကွာ
ကြားဖူးတာရှိတယ်
အချစ်စစ်တို့လမ်းခရီးကြမ်းတယ်
လုံးဝမကြောက်ဖူးကွယ်
မင်းအနားမှာရှိရင်ဘာမှလဲ
အဆုံးထိစွန့်စားမယ်
အချစ်ရဲ့ခွန်အားနဲ့ မင်းရဲ့လက်ကိုတွဲ
ရင်ဆိုင်မယ် ဘယ်တော့မှမခွဲဘူး
ခေါင်းအုံးလေးတစ်လုံးလိုပေါ့
ငါမင်းအနားမှာအမြဲနေချင်တယ်
ယုယုယယထွေးဖက်ထားပါ
တင်းကျပ်စွာ မင်းရင်ခွင်ထဲ
မင်းမောပန်းလို့နွမ်းနယ်တဲ့အခါ
မင်းအပန်းဖြေဖို့အတွက်ငါ
ခေါင်းအုံးလေးလို အချစ်များနဲ့အမြဲ ချစ်မယ်
ဘာတွေလိုသေးလဲ မင်းဘဝမှာ
ဘာတွေလိုသေးလဲ (ဟေ့)
ဘာတွေလိုသေးလဲ အတူတူရှိနေလို့ပြီးပြည့်စုံ
ဘာတွေလိုသေးလဲ Baby
ဘာတွေလိုသေးလဲ (ဟေ့)
ဘာတွေလိုသေးလဲ အတူတူဘဝကိုစွန့်စားကြစို့
ခဏခဏတွေ့ရလည်း
အချိန်တိုင်းလွမ်းတော့ခက်နေ၏
နည်းနည်းတော့လွန်တယ်
သူငယ်ချင်းတွေအမြင်ကပ်နေပီ
ရင်ထဲမှာကုမရတဲ့အချစ်ရောဂါတွေတက်နေသည်
နက်နေပီ အတူရှိပေးပါဘဝရဲ့နောက်ဆုံးရက်တွေအထိ
ခေါင်းအုံးလေးလိုပဲနင်ဘယ်သွားသွားငါ့ကိုခေါ်သွား
နင့်အနားမှာချွေးသိပ်ရင်းအေးအတူပူအမျှရှိမယ့်အဖော်ပါ
ငါတို့နှစ်ယောက်ချစ်နေတာကိုမုန်းနေကြတဲ့သူတွေအတော်များ
ဘယ်သူ့မှဂရုမစိုက်နဲ့အာရုံနောက်စရာတွေကိုလျှော်ထား
နေဆယ်စင်းရဲ့အပူဒဏ်လည်းမမှုပါမင်းနဲ့ဆို
တစ်ကမ္ဘာလုံးနဲ့နှစ်ယောက်တည်းအပြိုင်စစ်ခင်းရဲလို့
ငါလေမတွေးရဲ နင်မရှိရင်ငါ့ဘဝအလင်းမဲ့
စိတ်ဆင်းရဲလို့ မစဉ်းစားချင်ဘူး
တောင်းဆိုချင်တယ် မညှဉ်းဆဲဖို့
နေဆယ်စင်းရဲ့အပူဒဏ်လည်းမမှုပါမင်းနဲ့ဆို
တစ်ကမ္ဘာလုံးနဲ့နှစ်ယောက်တည်းအပြိုင်စစ်ခင်းရဲလို့
ငါလေမတွေးရဲ နင်မရှိရင်ငါ့ဘဝအလင်းမဲ့
စိတ်ဆင်းရဲလို့ မစဉ်းစားချင်ဘူး
တောင်းဆိုချင်တယ် မညှဉ်းဆဲဖို့
ခေါင်းအုံးလေးတစ်လုံးလိုပေါ့
ငါမင်းအနားမှာအမြဲနေချင်တယ်
ယုယုယယထွေးဖက်ထားပါ
တင်းကျပ်စွာ မင်းရင်ခွင်ထဲ
မင်းမောပန်းလို့နွမ်းနယ်တဲ့အခါ
မင်းအပန်းဖြေဖို့အတွက်ငါ
ခေါင်းအုံးလေးလို အချစ်များနဲ့အမြဲ ချစ်မယ်
နင်ခြေလှမ်းတိုင်းအနောက်ကနေလိုက်ခွင့်ပေးငါ့ကို
ငါမြတ်နိုးတဲ့မင်းအပြုံးတွေကြည့်ခွင့်ပေးပါ(အမြဲတမ်း)
ငါနင်နဲ့မှအချစ်အဓိပ္ပါယ်နားလည်တတ်ခဲ့ပီ
မင်းကသာအနာဂတ် မင်းကသာငါ့အိပ်မက်ပါ
ခေါင်းအုံးလေးတစ်လုံးလိုပေါ့
ငါမင်းအနားမှာအမြဲနေချင်တယ်
ယုယုယယထွေးဖက်ထားပါ
တင်းကျပ်စွာ မင်းရင်ခွင်ထဲ
မင်းမောပန်းလို့နွမ်းနယ်တဲ့အခါ
မင်းအပန်းဖြေဖို့အတွက်ငါ
ခေါင်းအုံးလေးလို အချစ်များနဲ့အမြဲ ချစ်မယ်
ဘာတွေလိုသေးလဲ မင်းဘဝမှာ
ဘာတွေလိုသေးလဲ (ဟေ့)
ဘာတွေလိုသေးလဲ အတူတူရှိနေလို့ပြီးပြည့်စုံ
ဘာတွေလိုသေးလဲ Baby
ဘာတွေလိုသေးလဲ (ဟေ့)
ဘာတွေလိုသေးလဲ အတူတူဘဝကိုစွန့်စားကြစို့




Attention! Feel free to leave feedback.