Bunny Phyoe feat. Amera Hpone - Castle in the Air Lyrics

Lyrics Castle in the Air - Bunny Phyoe feat. Amera Hpone




ငါ့အခန်းထဲမှာလဲ
နင်ပေးထားခဲ့ ဖူးတဲ့
အမှတ်တရလေးတွေ ခုထိရှိသေးတယ်...
ငါ့နှလုံးသားမှာလဲ
နင်ပေးထားခဲ့ဖူးတဲ့
အချစ်တွေ အနမ်းတွေ ခုထိရှိသေးတယ်...
ဘယ်သူ့မှ မသိတဲ့ တို့ရဲ့အကြောင်းတွေ
ဘယ်သူ့မှ မသိတဲ့ ပြဿနာလေးတွေ
ဘယ်သူ့မှ မသိခင် တို့တွေ အဆင်ပြေခဲ့ဖူးတယ်
အားလုံး သိမှ တို့တွေဝေးကွာ
အားလုံး သိမှ ပြဿနာများစွာ
အားလုံး ရှေ့မှာ မင်းကို မုန်းဟန်ဆောင်ခဲ့လဲ
Baby နင်ထွက်သွားပါတော့ကွာ
ငါနဲ့ ဝေးရာအရပ်မှာ
အလှဆုံးနေ့တွေ မင်းဖန်တီးလိုက်ပါ
တချိန်မှာ နင်သိလိမ့်မယ် ဘဝဟာ
ဆုတောင်းသမျှတွေ မဖြစ်တာ
တသက်လုံး ပြုံးနိုင်ဖို့ နင် ငိုလိုက်ပါ
တခဏစာ. Oh. တခဏစာ...
ငါသတိရမိလဲ ငါရူးမတတ်ကို လွမ်းလဲ
ငါဖုန်းမဆက်မိ သွားအောင် ငါထိန်းမယ်
ငါသွေးအေးသလိုမျိုးနဲ့ အပေါ်ယံ ဟန်ဆောင်ပြုံးထားလဲ
ဘယ်သူမှမသိအောင် ကြိတ်ငိုနေတုန်းပဲ
မင်းကြောင့် ငါ့မှာ အမောပြေရတယ်
မင်းကြောင့် အချစ်ကို တွေ့ရှိဖူးတယ်
မင်းကြောင့် အထီးကျန်ခြင်းတွေ
ဘဝမှာ လွန်မြောက်ဖူးတယ်
ငါ့ကြောင့် မင်းမှာ အပြစ်တွေဖြစ်တယ်
ငါ့ကြောင့် မင်းကို လက်ညှိုးတွေထိုးတယ်
ငါ့ကြောင့် မင်းမှာ တရက်တောင် စိတ်ချမ်းသာစရာမရှိခဲ့
Baby နင်ထွက်သွားပါတော့ကွာ
ငါနဲ့ဝေးရာ အရပ်မှာ
အလှဆုံးနေ့တွေ မင်းဖန်တီးလိုက်ပါ
တချိန်မှာ နင်သိလိမ့်မယ် ဘဝဟာ.
ဆုတောင်းသမျှတွေ မဖြစ်တာ.
တသက်လုံး ပြုံးနိုင်ဖို့ နင်ငိုလိုက်ပါ.
တခဏစာ... Oh. တခဏစာ...
တို့နှစ်ယောက် တကယ့်ကို ချစ်ခဲ့ဖူးတယ်
တို့နှစ်ယောက် အချစ်ကို ရူးသွပ်ဖူးတယ်
တို့နှစ်ယောက် စိတ်ကူးယဉ်ပြီး လေထဲမှာအိမ်ဆောက်ဖူးတယ်
Baby နင်ထွက်သွားပါတော့ကွာ.
ငါနဲ့ဝေးရာ အရပ်မှာ.
အလှဆုံးနေ့တွေ မင်းဖန်တီးလိုက်ပါ.
တချိန်မှာ နင်သိလိမ့်မယ် ဘဝဟာ.
ဆုတောင်းသမျှတွေ မဖြစ်တာ.
တသက်လုံး ပြုံးနိုင်ဖို့ နင်ငိုလိုက်ပါ.
တခဏစာ... Oh. တခဏစာ. Oh.
Oh... oh...
Oh... oh...



Writer(s): Bunny Phyoe



Attention! Feel free to leave feedback.