Irene Zin Mar Myint - Pone Pyin Haung Lyrics

Lyrics Pone Pyin Haung - Irene Zin Mar Myint




ကျိန်စာ သင့်ခဲ့ပီလား ဘဝရဲ့အချိန် နာရီများစွာ
မြတ်နိုးတဲ့ ငါ့ရဲ့လွတ်လပ်မှုကို အနိုင်ယူလို့ထား
ရင်ခုန်သံတွေ ခါးသီးခဲ့
အရာရာတိုင်း မင်းရဲ့စိတ်နဲ့
ငါ အသက်ရှင်ရတာ စိတ်ညစ်တယ်ကွာ
ဒီမှာ မင်းလေးသိလား
အသည်းကွဲတာ ဟန်ဆောင်လို့မရ
ထိန်းထားတဲ့ ကြားက
ငါ့ရဲ့မျက်ရည် အလိုလိုစီးကျ
ယုံကြည်စွာ မျော်လင့်ခဲ့တဲ့
သာယာတဲ့ ဘဝလေးတစ်ခုရယ်
မင်းလေးရှိမှ ပြီးပြည့်စုံလိမ့်မယ်
အခုတော့ ဝေးခဲ့ပီကွယ်
မင်းလေး မရှိတော့လည်း
မင်းသိဖို့ရန်မလွယ်
ကိုယ့်ရင်ထဲက အချစ်စစ်တွေကို
မင်းနားမလည်
ပြန်တွေးခဲ့တဲ့ အချိန်တိုင်း
သူစိမ်းလေး တစ်ယောက်လိုပဲ
ဟန်ဆောင် ထိန်းထားရင်းနဲ့
စိတ်ထဲအလိုလို ငိုချင်မိလည်း
ဖွင့်မပြောဘူး ချစ်သူရယ်
ဒီအတိုင်းပဲ ထားလိုက်တော့မယ်
အခုတော့လည်း ပုံပြင်လေးတစ်ပုဒ်ပါပဲ
အသည်းခွဲခဲ့သူရယ်
အရာရာ ပြီးခဲ့ပီမို့
သတိရစရာ ကြုံလာတဲ့အခါ
ကြိုးစားပီး မေ့လိုက်ရတဲ့မင်းကို ရင်နာလိုက်တာ
တစ်ခါတလေ လူတွေကြားထဲမှာ
မြင်ချင်တဲ့ မင်းရဲ့မျက်နှာ
လိုက်ရှာမိတာ မင်းသိရဲ့လား
အသည်းခွဲ လမ်းပေါ်မှာ
မင်းလေး မရှိတော့လည်း
မင်းသိဖို့ရန်မလွယ်
ကိုယ့်ရင်ထဲက အချစ်စစ်တွေကို မင်းနားမလည်
ပြန်တွေးခဲ့တဲ့ အချိန်တိုင်း
သူစိမ်းလေး တစ်ယောက်လိုပဲ
ဟန်ဆောင် ထိန်းထားရင်းနဲ့
စိတ်ထဲအလိုလို ငိုချင်မိလည်း
ဖွင့်မပြောဘူး ချစ်သူရယ်
ဒီအတိုင်းပဲ ထားလိုက်တော့မယ်
အခုတော့လည်း ပုံပြင်လေးတစ်ပုဒ်ပါပဲ
အသည်းခွဲခဲ့သူရယ်
ဖွင့်မပြောဘူး ချစ်သူရယ်
ဒီအတိုင်းပဲ ထားလိုက်တော့မယ်
အခုတော့လည်း ပုံပြင်လေးတစ်ပုဒ်ပါပဲ
အသည်းခွဲခဲ့သူရယ်



Writer(s): Khual Pi


Irene Zin Mar Myint - A Kyaung Pyan Pay Par
Album A Kyaung Pyan Pay Par
date of release
13-06-2019





Attention! Feel free to leave feedback.