Mi Sandi feat. Ni Ni Khin Zaw - A Tha Nar Khan Sar Lyrics

Lyrics A Tha Nar Khan Sar - Mi Sandi , Ni Ni Khin Zaw




အရင်လိုလုံးဝမဟုတ်တာတကယ်သိသာ
နင်လေပြောင်းလဲသွားတယ်မဟုတ်လား
အရင်လိုမလွမ်းတော့ဘူး အရင်လိုမချစ်တော့ဘူး
နင့်ခြေလှမ်းများပျက်နေတာ
မရှိဘူးအချစ်နဲ့စစ်မှာမတရားတာ
ဒီစကားမင်းကလက်ကိုင်ထားကာ
နေလေငါ့ကိုမငဲ့ မတရားစွာနဲ့
တစ်ဖက်သတ်နှုတ်ဆက်တော့မလို့လား
ခဏနေဦး အယူခံဝင်ခွင့်လေးတော့ပေးပါအချစ်လေး
အသနားခံစာလေး ငါရေးပါရစေ
မရက်စက်လိုက်နဲ့သနားပါကွယ်
ဘာအပြစ်မှမလုပ်ခဲ့မိပါပဲ
အမှားတို့မီးခွက်ထွန်းရှာပုဒ်မများဖြင့်တပ်ကာ
ငါ့ကိုစွန့်ခွာပစ်မသွားနဲ့
မထားခဲ့လိုက်နဲ့ငဲ့ညှာလှည့်ကွယ်
နင်ဟာတကယ်ဆိုငါ့ရယ့်အသက်ပဲ
သေမိန့်ကျတဲ့အပြစ်သားလိုစွဲချက်များနဲ့ငါ့ကို
ဘ၀ပျက်သွားအောင်နင်မလုပ်နဲ့
အသနားခံစာလေး ငါရေးပါရစေ
အသနားခံစာလေး ငါရေးပါရစေ
တခြားတစ်ယောက်ရှိနေပြီလားအချစ်ငါ့ရယ့်ကွယ်ရာ
အရင်တုန်းကကြင်နာဂရုစိုက်မှုတွေ အခုများတော့ဘယ်မှာ
နင့်စိတ်တွေငါ့ပေါ်ရိုးအီယိမ်းယိုင်သွားလို့လား
ဒါမမဟုတ်နင့်ရင်ခွင်ကိုနောက်လူတစ်ယောက်အပိုင်သိမ်းပိုက်သွားလို့လား ပြော
ဘယ်မှာလဲမေးတာတောင်ရသ်တယ်ထင်နေပြီ ချုပ်ခြယ်တယ်လို့မြင်နေပြီ နင်ငါ့ကို တစ်ချိန်လုံးငြိုငြင်သည်
ဟုတ်ပြီ နင်စိတ်ရှုပ်တယ်ဆိုနှုတ်ပိတ်ပြီးတော့နေမယ်
အခုလိုကြီးအေးတိအေးစက်ငါ့ကို စိမ်းကားပြီးတော့မနေနဲ့
နင်ဘာတွေအလိုမကျလဲပြော အားလုံးငါပြင်မယ်
အသနားခံစာတင်မယ် Blind ကြီးတော့နင်မနှင်နဲ့
နင်သေခိုင်းမယ်ဆိုသေဖို့တောင်အသင့်ပဲ
ငါ့ဘ၀မှာနင်မရှိလို့မဖြစ်ပါ မကွဲချင်ဘူးရှင်ကွဲ
မရက်စက်လိုက်နဲ့သနားပါကွယ်
ဘာအပြစ်မှမလုပ်ခဲ့မိပါပဲ
အမှားတို့မီးခွက်ထွန်းရှာပုဒ်မများဖြင့်တပ်ကာ
ငါ့ကိုစွန့်ခွာပစ်မသွားနဲ့
မထားခဲ့လိုက်နဲ့ငဲ့ညှာလှည့်ကွယ်
နင်ဟာတကယ်ဆိုငါ့ရယ့်အသက်ပဲ
သေမိန့်ကျတဲ့အပြစ်သားလိုစွဲချက်များနဲ့ငါ့ကို
ဘ၀ပျက်သွားအောင်နင်မလုပ်နဲ့
အသနားခံစာလေး ငါရေးပါရစေ
အသနားခံစာလေး ငါရေးပါရစေ
ငါကနင့်ကိုသိပ်ချစ်ပြီးအလိုတွေလိုက်ခဲ့တော့
နင်ကငါ့ကိုတန်ဖိုးရှိတယ်လို့တောင်မထင်တော့ဘူးပေါ့
ရပါတယ် ငါလေ အပြစ်လို့မမြင်ခဲ့
ပေးဆပ်ဦးမယ် ငါ့ရဲ့ဘဝမှာနင်က အရှင်သခင်ပဲ
ငါကနင့်ကိုသိပ်ချစ်ပြီးအလိုတွေလိုက်ခဲ့တော့
နင်ကငါ့ကိုထင်တယ် ခပ်ပေါပေါမိန်းမတစ်ယောက်ပေါ့
ရပါတယ် ၁ခုလေးတွောတောင်းဆိုချင်တယ်
ငါကလွဲရင် ဘယ်သူမှ မမြင်ရပါစေနဲ့နင့်ရင်ခွင်ထဲ
အရင်လိုလုံးဝမဟုတ်တာတကယ်သိသာ
နင်လေပြောင်းလဲသွားတယ်မဟုတ်လား
အရင်လိုမလွမ်းတော့ဘူး အရင်လိုမချစ်တော့ဘူး
နင့်ခြေလှမ်းများပျက်နေတာခဏနေဦး အယူခံဝင်ခွင့်လေးတော့ပေးပါအချစ်လေး
အသနားခံစာလေး ငါရေးပါရစေ



Writer(s): Khual Pi


Mi Sandi feat. Ni Ni Khin Zaw - A Thae Lay
Album A Thae Lay
date of release
27-06-2017



Attention! Feel free to leave feedback.
//}