Ni Ni Khin Zaw - Yat Sat Tal Moe Lyrics

Lyrics Yat Sat Tal Moe - Ni Ni Khin Zaw




အပြင်မှာ မိုးတွေ သည်းနေပြီ
ဟိုအရင်ချိန်က နေ့ရက်တွေ ငါလွမ်းမိ
အတူရှိဖူးတဲ့ ရက်လ အချိန်တွေလည်း
ဟောင်းနွမ်းပြီ
ချစ်သူ မင်းက အခုတော့ ငါ့အနားမရှိ
ဒီအချိန်ဆို တို့အတူရှိနေကျ
ကော်ဖီသောက်ရင်း မင်းအချစ်ဟာ
ချိုပြီး ခါး ...
အယုံလွယ်တဲ့ ငါ့အချစ်တွေကို နှမြောလိုက်တာ
အတိတ်တွေအားလုံး မိုးတွေရွာချ ...
ရွာလိုက်ပါမိုး...
ဒီလူကို ပစ်ပြီးတော့
နင်သည်းလိုက်ပါ မိုး...
ငါ့အကြောင်းနဲ့ ငါ့ကံပေါ့
ငါ့ရင်ကိုခွဲ ပြီးမှ
ငါ့ဆီ ပြန်မလာနဲ့တော့
ဒီမိုးရေထဲ မင်းပေးခဲ့တဲ့ ဒဏ်ရာများနဲ့
ထားခဲ့ပါ မိုး...
ဘယ်ရင်ခွင်မှာ မှေးစက်နေမလဲ?
မယုံကြည်နိုင်ပါ သူရက်စက်ခဲ့တယ်
တစ်ကိုယ်ရေ ထဲ မိုးရေရွှဲ
ငါငိုကြွေးခဲ့လည်း
သူ့အချစ်ကတော့ တခြားတစ်ယောက်လက်ထဲ
ရွာလိုက်ပါမိုး...
ဒီလူကို ပစ်ပြီးတော့
နင်သည်းလိုက်ပါ မိုး...
ငါ့အကြောင်းနဲ့ ငါ့ကံပေါ့
ငါ့ရင်ကိုခွဲ ပြီးမှ
ငါ့ဆီ ပြန်မလာနဲ့တော့
ဒီမိုးရေထဲ မင်းပေးခဲ့တဲ့ ဒဏ်ရာများနဲ့
ထားခဲ့ပါ မိုး...
အားလုံး ငါမှားတာပါ
မင်းအပြစ်လို့ မပြောချင်ပါ
စွန့်ပစ်လို့ထားတာ
ငါရခဲ့အမုန်း ...
ရွာလိုက်ပါမိုး...
ဒီလူကို ပစ်ပြီးတော့
နင်သည်းလိုက်ပါ မိုး...
ငါ့အကြောင်းနဲ့ ငါ့ကံပေါ့
ရွာလိုက်ပါမိုး...
ဒီလူကို ပစ်ပြီးတော့
နင်သည်းလိုက်ပါ မိုး...
ငါ့အကြောင်းနဲ့ ငါ့ကံပေါ့
ငါ့ရင်ကိုခွဲ ပြီးမှ
ငါ့ဆီ ပြန်မလာနဲ့တော့
ဒီမိုးရေထဲ မင်းပေးခဲ့တဲ့ ဒဏ်ရာများနဲ့ ...
နင်ထားခဲ့ပါ မိုး...



Writer(s): ni ni khin zaw


Ni Ni Khin Zaw - Yat Sat Tal Moe
Album Yat Sat Tal Moe
date of release
14-07-2017




Attention! Feel free to leave feedback.
//}