Bunny Phyoe - Hnit Pat Lal paroles de chanson

paroles de chanson Hnit Pat Lal - Bunny Phyoe



တန်ဖိုးထားရမယ့် အချစ်တစ်ခု ကို ငါတွေ့ချိန်
ဘယ်နည်းနဲ့ ဖြစ်ဖြစ် မင်းအနားက ငါမဝေးချင်
တို့နှစ်ယောက် ရဲ့နေ့တွေ
တို့နှစ်ယောက် ရဲ့ အတွေးတွေ
တစ်ချိန်ချိန် ဆိုတာမှာ အနီးစပ်ဆုံး baby
ဟိုးတုန်းက နမ်းရှိုက်ခဲ့တဲ့
မင်းနှုတ်ခမ်းပါးလေး လွမ်းနေ
မိုးတို့လင်းတိုင်း ဖုန်းဆက်နိုးမယ့်
မင်းရဲ့ဖုန်းလေး လွမ်းနေ
ငါပေးခဲ့တဲ့ အနမ်းတွေ
နင့်ပါးလေးတစ်ဝိုက်အနှံ့လေ
ဘယ်လိုဖြတ်သန်းမလဲ
တို့နှစ်ယောက်ရဲ့ အပတ်စဉ်တွေ့တဲ့ Monday
အချိန်များလည်းပြောင်းသွားခဲ့ပေါ့
ဆောင်း နွေ မိုး
နေ့တိုင်းပဲ မင်းရဲ့စကားလေးများလည်း
အောက်မေ့လို့
ရောက်ဖို့သိပ်မလိုနှစ်ပတ်လည် Valentine ကို
ပြန်လာနိုင်မလား ငါလေ စောင့်နေလို့
နင်မေ့လို့ရမလား...
ငါတော့ မေ့လို့မရပါ...
အတူ ဖြတ်သန်းခဲ့ ကြတဲ့
နှစ်ပတ်လည် နေ့များ...
ဟိုး အဝေးကြီးမှာ နင်သတိရတဲ့အခါ
ဆင်တူ လက်စွပ်လေး ကို နမ်းလို့ ဖြေသိမ့်ပါ
ဖြေသိမ့်လိုက်ဦး အချစ်ရေ
ငါတို့ ဝေးနေတုန်း
ယုံကြည်နေဆဲ baby
တစ်နေ့ တို့နီးမယ်လို့
ရည်ရွယ် တစ်သက်လုံး အဖို့
ကမ္ဘာမြေပျက်သုဉ်းလို့ သွားသည့်တိုင်
မင်းနဲ့ အနမ်းများ ဆက်ဦးမလို့
ငါ့ရဲ့အတွေးတွေ လွင့်ပျံလို့
ဟိုး အဝေးကြီးက မင်းထံသို့
တမ်းတဆဲပါ
မင်းသဏ္ဌန် မင်းဟန် မင်းအနမ်း မင်းအသံ တို့.
ဟိုး. အချိန်များလည်း ပြောင်းသွားခဲ့ပေါ့
ဆောင်း နွေ မိုး
နေ့တိုင်းပဲ မင်းရဲ့စကားလေးများလည်း
အောက်မေ့လို့
ရောက်ဖို့ သိပ်မလို နှစ်ပတ်လည် Valentine ကို
ပြန်လာနိုင်မလား ငါလေ စောင့်နေလို့
နင် မေ့လို့ ရမလား
ငါတော့ မေ့လို့ မရပါ
အတူ ဖြတ်သန်းခဲ့ ကြတဲ့
နှစ်ပတ်လည် နေ့များ
ဟိုး အဝေးကြီးမှာ နင် သတိရတဲ့ အခါ
ဆင်တူ လက်စွပ်လေး ကို
နမ်းလို့ ဖြေသိမ့်ပါ
နင်မေ့လို့ရမလား
ငါတော့ မေ့လို့မရပါ
အတူ ဖြတ်သန်း ခဲ့ကြတဲ့
နှစ်ပတ်လည်နေ့များ
ဟိုးအဝေးကြီးမှာ နင်သတိရတဲ့အခါ
ဆင်တူလက်စွပ်လေးကို
နမ်းလို့ဖြေသိမ့်ပါ
နင်မေ့လို့ရမလား
ငါတော့ မေ့လို့မရပါ
အတူဖြတ်သန်းခဲ့ကြတဲ့
နှစ်ပတ်လည်နေ့များ
ဟိုးအဝေးကြီးမှာ နင်သတိရတဲ့အခါ
ဆင်တူလက်စွပ်လေးကို
နမ်းလို့ဖြေသိမ့်ပါ




Bunny Phyoe - Chit Tal Hote
Album Chit Tal Hote
date de sortie
11-11-2011




Attention! N'hésitez pas à laisser des commentaires.