Bunny Phyoe - Nin Pyaw Yin paroles de chanson

paroles de chanson Nin Pyaw Yin - Bunny Phyoe




တော်ပါပြီ အချစ်ဆို စိတ်ကနာ
အပိုတွေငါ ထပ်မလိုချင်တော့ပါ
ဒီလိုငါဆုံးဖြတ်ထားပြီးမှ
သြော် တွေ့ခဲ့တယ် မင်းနဲ့
ဒီတခါနောက်ဆုံးလို့ ဆုံးဖြတ်ကာ
အကုန်ငါပုံအောလို့ ချစ်ထားသမျှ
ခန့်မှန်းရသိပ်ခက်တယ်
နင်တဖြည်းဖြည်းနဲ့ ပြောင်းလဲ
အချစ်တွေ ငါ့အပေါ်ကုန်သွားပလား
နင်ပျော်ရင် လုပ်လိုက်ပါ အချစ်လေး
ဒီလူကို ပေးခဲ့လိုက် အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ
မကြည့်နဲ့တော့ ငါဘက်ကမျက်ရည်
နင်ပျော်ရင် လုပ်လိုက်ပေါ့ အချစ်ရေ
အရင်ဆို နင်ငါ့ကို အမြဲပြောတာ
အချိန်ကြာလာလည်း ပိုဂရုစိုက်ပါ
ငါဂရုစိုက်လို့ပြောတယ် ဒီစကားများ
အခုမင်းအတွက် ချုပ်ချယ်တယ် နင်မြင်ခဲ့တာ
ငါ့ဘာလုပ်ရမလဲ မသိတော့ဘူး
ဆုံးရှုံးမှာကြောက်လို့ စိတ်တွေပူ
အချစ်ကလွဲပြီးတော့ ဘာမှမပေးနိုင်သူ
မပျော်ဘူးဆို ဆွဲလို့မထားရက်ဘူး ခလေးရေ
နင်မွန်းကျပ်လို့ ရုန်းထွက်ချင်ရင်လည်း
နင်ပျော်ရင် လုပ်လိုက်ပါ အချစ်လေး
ဒီလူကို ပေးခဲ့လိုက် အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ
မကြည့်နဲ့တော့ ငါဘက်ကမျက်ရည်
နင်စိတ်ကြိုက်ပေါ့ အချစ်လေး
ဒဏ်ရာတွေ ငါ့အတွက်တော့ ရိုးနေ
အသည်းကွဲလို့် ဘဝမပျက်နိုင်ပေမဲ့
ငါ့ဘဝထက်ချစ်ခဲ့တော့ ခက်တယ်
နင်ပျော်ရင် လုပ်လိုက်ပေါ့ အချစ်လေး
နင်ချစ်သောသူထက် သူထက်
ငါပိုချစ်ရသောသူဖြစ်ပါစေ
ဝဋ်ကြွေးတွေရှိခဲ့ဖူးရင်လည်း
ဒီဘဝမှာပဲကြေရပါစေ
နောက်ဘဝများဆုံခဲ့လည်း ဒီထက်တိုးပို
ချစ်မယ်လေအချစ်ရေ
နင်ပျော်ရင် လုပ်လိုက်ပါ အချစ်လေး
ဒီလူကို ပေးခဲ့လိုက် အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ
မကြည့်နဲ့တော့ ငါဘက်ကမျက်ရည်
နင်စိတ်ကြိုက်ပေါ့ အချစ်လေး
ဒဏ်ရာတွေ ငါ့အတွက်တော့ရိုးနေ
အသည်းကွဲလို့ ဘဝမပျက်နိုင်ပေမဲ့
ငါဘဝထက်ချစ်ခဲ့တော့ခက်တယ်
နင်ပျော်ရင် လုပ်လိုက်ပေါ့ အချစ်ရေ



Writer(s): Bunny Phyoe



Attention! N'hésitez pas à laisser des commentaires.