Wai La - A Myar Gyi Pay Thu Bar Mha Ma Ya Khae Thu paroles de chanson

paroles de chanson A Myar Gyi Pay Thu Bar Mha Ma Ya Khae Thu - Wai La




စွမ်းသလောက်တော့ ကြိုးစားပြီးတော့
ငါရှာကျွေးခဲ့တာပေါ့
ငါအစွမ်းပျောက်တော့ အခန်းလည်းပျောက်ပေါ့
ငါဟာလူတောလည်း မတိုး
အချိန်တန်ရင် စုံကန်မှာကို
ငါဟာကြိုမမြင်ထားပြီး
အပြစ်မပြောရက်ပါဘူး
မိဘဆိုတာ အရာရာပေးခဲ့ချင်သူ
ငါပိုင်ထားခဲ့သမျှခွဲခြမ်းပြီးတော့
အကုန်ပေးခဲ့တာပေါ့
နောင်ငါ့အတွက်ကျ ကျောတစ်ခင်းလောက်တော့
ဘယ်သူတွေပေးမလဲပြော
ဘယ်လိုအခြေအနေတွေ ကြုံနေပါပစေ
အဖေဟာအဖေပါပဲဆို
အပြစ်မပြောရက်ပါဘူး
မိဘဆိုတာ အရာရာပေးခဲ့ချင်သူ
အများကြီးပေးသူ ဘာမှမရခဲ့သူ
ငါ့သားသမီးများ အဖေကိုတောင် လာမတွေ့ဘူး
ုဟိုးတုန်းကတော့ အဖေသာလူစွမ်းကောင်းကြီးဆို
အခုကျတော့ အဖေဟာကမ္ဘာကြီးအတွက်လူပို
အများကြီးပေးသူဘာမှမရခဲ့သူ
သီတင်းကျွတ်တဲ့အချိန်ဆို ဘယ်သူလာမလဲလို့
ကိတ်မုန့်ရနံ့တွေကိုတောင် မမှတ်မိတော့လို့
စောင့်စားရင်းနဲ့ လူအိုရုံလေးထဲငါငို
အရာရာနှုတ်ဆက်ကာ ကျောခိုင်းလို့သွားတဲ့
သူကိုလွမ်းမိတာပေါ့
ငါဟာဟောင်းသွားတဲ့ခေတ်သစ်ရဲ့အမှိုက်
ကြင်နာသူလည်းမရှိခိုက်
ငယ်ရွယ်စဉ်ဟိုအချိန်တွေကို
တစ်ခါပြန်လိုချင်မိလို့
ငါ့သားသမီးတွေကို အခုထက်ပိုအောင်
ရှာဖွေကျွေးမွေးချင်သူ
အများကြီးပေးသူ ဘာမှမရခဲ့သူ
ငါ့သားသမီးများ အဖေကိုတောင် လာမတွေ့ဘူး
ုဟိုးတုန်းကတော့ အဖေသာလူစွမ်းကောင်းကြီးဆို
အခုကျတော့ အဖေဟာကမ္ဘာကြီးအတွက်လူပို
အများကြီးပေးသူဘာမှမရခဲ့သူ
သီတင်းကျွတ်တဲ့အချိန်ဆို ဘယ်သူလာမလဲလို့
ကိတ်မုန့်ရနံ့တွေကိုတောင် မမှတ်မိတော့လို့
စောင့်စားရင်းနဲ့ လူအိုရုံလေးထဲငါငို
ရသလောက်ငါပေးပါတယ်
ပေးခဲ့ဖူးသလောက် ငါဘာတွေများရခဲ့သလဲ
ငါမသေဆုံးခင်လေး...
ခဏလောက် တွေ့...ချင်... တယ်




Wai La - A Tu Myar Tae Myoh
Album A Tu Myar Tae Myoh
date de sortie
27-02-2018





Attention! N'hésitez pas à laisser des commentaires.