Hlwan Paing - A Pyit Ma Shi Khae текст песни

Текст песни A Pyit Ma Shi Khae - Hlwan Paing




အချိန်တန်ရင်လမ်းခွဲရမှာပါ
ငါအခုသိတယ်
မလွန်ခင်မှာ ရပ်တံ့လိုက်ပါကွာ
မင်းမကြည့်နဲ့
နှလုံးသားတွေ ကွဲကာသွား
အခုကြခါ မေတ္တာမျှ
ချစ်မိတာ အပြစ်မရှိပါ
အပြစ်ရှိတာကြီးက ကံတရား
နာကျင်စွာ လမ်းခွဲတော့မှာမှတ်လား
ငါအခုသိတယ်
ငါမငိုအောင် ထိန်းချုပ်ထားတာပါ
မင်းမသိခဲ့
သတိရနေပေးတာ ငါ
မေ့ဖို့အချိန်ပေးပါကွာ
စိတ်ချနင်
မင်းအနားနေ နောက်တစ်ခါငါပြန်မလာတော့ပါကွာ
အဝေးဆုံးကိုပြေးကာသွားချင်
မင်းနဲ့ နှစ်ယောက်အတူဘာဖြစ်မလဲ
ဘဝသစ်တစ်ခုမင်းနဲ့စချင်
စိတ်ကူးများစွာငါရှိလဲ
လက်တွေ့တော့ဖြစ်ဖို့သိပ်မလွယ်
ငါတို့သိတယ် ဒါမိုက်မဲတာ
သတိရတိုင်း မင်းအိမ်ရှေ့လာ
မင်းအခန်းလေးကို
မျှော်ကြည့်ဆဲ
အရမ်းလွမ်းလို့ ဖုန်းဆက်မိရင်
နင်ကငါ့ကိုဘယ်လိုထင်မလဲ
လွမ်းလွန်တဲ့ ငါရဲ့စိတ်ကို
ငါ့မာနတွေနဲ့ချုပ်တည်းကာ
နေရင်းနဲ့ပဲ
တစ်ကယ်ဆို အပြစ်မရှိတဲ့
အပြစ်မရှိတဲ့
နှလုံးသားလေးတစ်ခုဟာ
သက်သက်ကြေကွဲ
တစ်ကယ်ဆို အပြစ်မရှိလဲ
အပြစ်မရှိလဲ
ကံတရားပဲ
တစ်ကယ်ဆို အပြစ်မရှိတဲ့
အပြစ်မရှိတဲ့
နှလုံးသားလေးတစ်ခုဟာ
သက်သက်ကြေကွဲ
တစ်ကယ်ဆို အပြစ်မရှိလဲ
အပြစ်မရှိလဲ
ကံတရားပဲ
ဘယ်လိုမုန်းလို့ရမှာလဲ
ဘယ်လိုမေ့လို့ရမှာလဲ
ဘယ်လိုမုန်းလို့ရမှာလဲ
ကံတရားရယ်
ဘယ်လိုမုန်းလို့ရမှာလဲ
ဘယ်လိုမေ့လို့ရမှာလဲ
မုန်းလို့ရမှာလဲ
ကံတရားရယ်
ဘယ်လိုမုန်းလို့ရမှာလဲ
တကယ်ပဲ မေ့ပြစ်လိုက်ပြီလား
လွယ်လိုက်တာကွာ
တစ်ကယ်ရော မင်းရောချစ်လို့လား
ငါတစ်ကယ်မသိတာပါ
အချစ်ဆိုတာ တစ်ကယ်ရှိတာကွ
ပတ်ဝန်းကျင်ကိုကြွယ်မိကာမှ
နှလုံးသားကို အပါယ်ကြီးလာကျ
မင်းပေးခဲ့တာ နာကျည်းစရာဘဝ
ခဏတည်းသာရတယ်
အချစ်ဆိုတာ ဒါကြီးပါလားကွာ
ဩော် ငါသိလာရတယ်
နှလုံးသားမှာ နာကျည်းစရာများတယ်
အချစ်ဆိုတာ ဒါပါပဲကွာ
ရူးမိုက်တယ် ကဗျာစာထဲမှာ
လက်တွေ့ပေါင်းဖက်ဖို့ကျတော့
ဦးနှောက်နဲ့ ပိုက်ဆံပါလာတဲ့အခါ
မာယာတဲ့လား
ဟုတ်ပါတယ် မညာပါနဲ့ကွာ
အချိန်တန်ရင်
ကြင်ယာကွဲကာ ယှဉ်ကာတွဲမှာ
အချစ်ဆိုတာ တဒင်္ဂပဲကွာ
ထင်ခဲ့တဲ့ အမြင်ကလွဲလာ
ရှင်ခဲ့တာ ဒဏ်ရာပဲငါ
သင်ခဲ့တဲ့ ပညာလဲမကာ
မင်းရွှေ့တဲ့ အကွက်တွေထဲမှာ
အမှားသိလဲ အမှန်ထင်တဲ့ငါ
ဘုရားသိ ငါဥာဏ်မဆင်ခဲ့ပါ
ခါးချိလို့ သွာမရှိလို့
ဘုရားသိ အဲ့ထိချစ်သွားမယ်ဆိုပြီတော့ကို
ရည်ရွယ်ခဲ့တာ
မကြည်ဆယ်ပါနဲ့ဗျာ
ကျွန်တော့်အဖြစ်ကို ခင်ဗျားသိလို့
ဟားထိလို့ ကျွန်တော့်မှာအားမရှိလို့
သားရီးတို့ ဆိုပြီး သွားညှိလို့လဲ
ဒီကောင်တွေ ငါ့ကိုဆဲမှာ
ဒီဘဝနွံထဲမှာ ခံရတာ
ငါကိုယ်တိုင်က အလို့ပဲကွာ
ဟုတ်ပါတယ် ခင်ဗျားက
အဖြူဆို ကျွန်တော်က အမဲပါ
ရင်ဆိုင်ဖို့သတ္တိနည်းတာ
မထူးဆန်းပါဘူး
ခင်ဗျားရဲ့အချစ်က
စွန်လိုပဲကွာ
ကြိုးလေးပြတ်သွားတာနဲ့
ဟိုးအဝေးထွက်သွားတာပဲ
အလှမ်းဝေး ရက်များစွာထဲ
အလွမ်းသွေးမပြတ်သားစွာနဲ့
ငါ့ကိုယ်ငါပြန်စမ်းမေး
ဒီအလွမ်းတေး
ဒါကငါရေးစပ်လိုက်တာ
မင်းအတွက် Honey
နှစ်ယာက်သားလက်ပြနှုတ်ဆက်
အလှမ်းဝေး
ဘယ်တော့မှ မလွမ်းကြေး
တစ်ကယ်ဆို အပြစ်မရှိတဲ့
အပြစ်မရှိတဲ့
နှလုံးသားလေးတစ်ခုဟာ
သက်သက်ကြေကွဲ
တစ်ကယ်ဆို အပြစ်မရှိလဲ
အပြစ်မရှိလဲ
ကံတရားပဲ
တစ်ကယ်ဆို အပြစ်မရှိတဲ့
အပြစ်မရှိတဲ့
နှလုံးသားလေးတစ်ခုဟာ
သက်သက်ကြေကွဲ
တစ်ကယ်ဆို အပြစ်မရှိလဲ
အပြစ်မရှိလဲ
ကံတရားပဲ
ဘယ်လိုမုန်းလို့ရမှာလဲ
ဘယ်လိုမေ့လို့ရမှာလဲ
ဘယ်လိုမုန်လို့ရမှာလဲ
ကံတရားရယ်
ဘယ်လိုမုန်းလို့ရမှာလဲ
ဘယ်လိုမေ့လို့ရမှာလဲ
ဘယ်လိုမေ့လို့ရမှာလဲ
ကံတရားရယ်



Авторы: Khual Pi



Внимание! Не стесняйтесь оставлять отзывы.