Mi Sandi - A Thel Lay текст песни

Текст песни A Thel Lay - Mi Sandi




သုံးလေးငါးခါမက ငါရင်ခုန်ခဲ့ဖူးတယ်
သုံးလေးငါးခါလောက် ငါရူးသွပ်ခဲ့ဖူးလည်း
အချစ်ရဲ့ပြည့်စုံခြင်းတွေ မင်းနဲ့မှ ငါ့ရင်ထဲမှာဖြစ်လာတယ် ဒီတစ်ခါတကယ်ကိုထူးတယ်
မင်းအကြောင်းတွေးလိုက်တိုင်း ငါအလိုလိုအူမြူးတယ်
မင်းလေးပြုံးလိုက်တိုင်းမှာ မောပန်းသမျှပျောက်ကွယ်
မင်းမျက်ဝန်းညှိ့ကြားမှာ စီးမျောလို့ အဖတ်ဆယ်လို့ကိုမရပါကွယ် ငါလေသေအောင်ရူးတယ်
အသဲလေး အသဲလေးလို့ နင်ခေါ်တိုင်းမှာ
အသဲယားလွန်းလို့ အသဲယားလွန်းလို့ အရည်ပျော်သွားတယ်
တစ်သက်လုံးပဲ ငါ့ကိုအဲ့လိုခေါ်ပြီးတော့ အနားမှာရှိနေပေးပါကွယ် Oh Baby Baby
အသဲလေး အသဲလေးလို့ နင်ခေါ်တိုင်းမှာ
အသဲယားလွန်းလို့ အသဲယားလွန်းလို့ အရည်ပျော်သွားတယ်
နက်ရှိုင်းတဲ့သမုဒ္ဒရာအောက်မှာ ပြန်ထွက်လို့မရအောင်နစ်မြုပ်သွားသလိုပဲ
ငါလေ သေအောင်ရူးတယ်
အသဲလေး သိပ်ချစ်တဲ့ ကိုကို အပြောလေးက ခပ်ချိုချို
ငါသူ့ကိုချစ်တဲ့အချစ်က ကိုရီးယားကားတွေထက်ပိုဆိုး
ဘယ်လိုမှကို ထိန်းမရ သိမ်းမရ Dollarဈေးတွေတက်သလိုမျိုး
တစ်ရက်ပြီးတစ်ရက် ပိုပိုများလာတယ်
သံယောဇဉ်တွေဆက်လို့ တိုး...
ရုန်းထွက်လို့မရအောင် သမုဒယနွယ်ပင်များရဲ့ သစ်ခက်တွေသည် ငါ့ကိုရစ်ပတ်နေပြီ ငါချစ်တတ်နေပြီ
ရူးသွားမတတ်ကို ဖြစ်ပျက်နေသည် Yeah...
တစ်ရက်ကို အခါသုံးဆယ်လောက်ဖုန်းဆက်ချင်မိ ငါစိတ်ညစ်ပါ၏ သဘောကောင်းတဲ့သူ့အကျင့်လေးကြောင့်
လေးစားပြီးတော့ သိပ်ချစ်ပါသည်
အသဲတစ်ခြမ်းလို့ ယောင်လို့တောင်မခေါ်ပါနဲ့
ငါနင့်ရဲ့ အသဲတစ်ခုလုံးဖြစ်ချင်တယ်
နင့်နှုတ်ခမ်းက အနမ်းတွေခြွေလိုက်တိုင်း
ရင်ခုန်လို့ သတိတွေပါလစ်ချင်တယ်
နေ့တိုင်းကို မတွေ့ရမနေနိုင်အောင်
ရူးနေလို့ အချိန်တွေကိုရစ်ချင်တယ်
ဒီဘဝတင် ချစ်လို့ကိုမဝနိုင်လို့
နောင်သံသရာဘဝတိုင်းထိချစ်ချင်တယ်
အသဲလေး အသဲလေးလို့ နင်ခေါ်တိုင်းမှာ
အသဲယားလွန်းလို့ အသဲယားလွန်းလို့ အရည်ပျော်သွားတယ်
တစ်သက်လုံးပဲ ငါ့ကို အဲ့လိုခေါ်ပြီးတော့ အနားမှာရှိနေပေးပါကွယ် Oh Baby Baby
အသဲလေး အသဲလေးလို့ နင်ခေါ်တိုင်းမှာ
အသဲယားလွန်းလို့ အသဲယားလွန်းလို့ အရည်ပျော်သွားတယ်
နက်ရှိုင်းတဲ့သမုဒ္ဒရာအောက်မှာ ပြန်ထွက်လို့မရအောင်နစ်မြုပ်သွားသလိုပဲ
ငါလေ သေအောင်ရူးတယ်
လူတွေကတော့ ပြောကြတာပဲ
ရည်းစားဦးကို ဘဝမှာ အချစ်ကြဆုံးတဲ့
ငါ့အတွက်တော့ No ပါ မှားတယ်
နင်က ဘဝမှာ အချစ်ရဆုံးပဲ
အဖိုးကြီးဖြစ်တဲ့အထိ ချစ်ကာ
သစ္စာထားမယ် မေတ္တာအဆုံးမဲ့
အဖွားကြီးဖြစ်တဲ့အထိ ချစ်ပါ
အသစ်ရှာပြီးတော့ ပစ်ခွာမမုန်းနဲ့
အသဲလေး အသဲလေး လို့ နင်ခေါ်တိုင်းမှာ
အသဲယားလွန်းလို့ အသဲယားလွန်းလို့ အရည်ပျော်သွားတယ်
တစ်သက်လုံးပဲ ငါ့ကို အဲ့လိုခေါ်ပြီးတော့ အနားမှာရှိနေပေးပါကွယ် Oh Baby Baby
အသဲလေး အသဲလေး လို့ နင်ခေါ်တိုင်းမှာ
အသဲယားလွန်းလို့ အသဲယားလွန်းလို့ အရည်ပျော်သွားတယ်
နက်ရှိုင်းတဲ့သမုဒ္ဒရာအောက်မှာ ပြန်ထွက်လို့မရအောင်နစ်မြုပ်သွားသလိုပဲ
ငါလေ သေအောင်ရူးတယ်




Внимание! Не стесняйтесь оставлять отзывы.