Sai Sai Kham Leng feat. Bunny Phyoe - Ta Ko Taw Valentine текст песни

Текст песни Ta Ko Taw Valentine - Sai Sai Kham Leng , Bunny Phyoe



အော်... မင်းစိတ်တိုင်းကျပဲပေါ့အချစ်ရေ
ဘာမှမပြောဘူး မင်းသဘောပဲ
မင်းရဲ့အနားမှာ ငါကိုယ်ရံတော်လိုပဲ...
အခုတော့ မင်းကပြောတယ် မေ့ပစ်လိုက်.
ဘာမှမငြင်းဘူး မင်းသဘောအတိုင်း.
ငါ့မှာတော့ တစ်ကိုယ်တော် Valentine...
ကလေးရေ... ကလေးရေ...
ချစ်တဲ့စိတ်နဲ့ဟစ်အော်နေတုန်း
အချစ်အိမ်လေးမှာတစ်ယောက်တည်းအထီးကျန်နေသူ
ငါရူးနေလို့.ငါရူးနေလို့...အိုး...
ကလေးရေ... ကလေးရေ...
လွမ်းတဲ့စိတ်နဲ့လိုက်ရှာနေတုန်း
(တကယ့်ကိုကြေကွဲရတဲ့နေ့ပါကွာ)
လမ်းမထက်မှာစုံတွဲလေးတွေမြင်ရင်
(တကယ့်ကိုအထီးကျန်ရတဲ့နေ့ပါ)
ကြေကွဲနေလို့ ကြေကွဲနေ့လို့ ...အိုး...
တစ်ခါတရံမှာ အချစ်က ကစားပွဲလို
အနိုင်ပိုင်းပြီးတော့ထားခဲ့လို့
အမှန်နဲ့အမှားတွေစဉ်းစား
နင်ပြောတဲ့စကားကငါတစ်ယောက်တည်းမှားခဲ့သလို
ငါလေမငြင်းဆန်ခဲ့ပါဘူး ဘာမဆိုမင်းစိတ်တိုင်းကျလုပ်
ချောင်မှာထိုးချင်ထိုး တစ်ခါတစ်လေဖတ်ချင်ဖတ် ငါမင်းအတွက် ကာတွန်းစာအုပ်
နောက်ဆုံးနိဂုံးချုပ်တော့လည်း .အွန်း.နင်လုပ်ရက်တာပဲ
ဓာတ်ပုံတွေ ပို့စကတ် အပိုင်းအစတွေ လွင့်ပစ်ခဲ့
အိမ်မှာ ထမင်းတွေဟင်းတွေချက် ပြီးတော့
အတူတူစားခဲ့တာ
ဖုန်းတွေဆက် တညလုံးပြော မိုးလင်းတော့ ဘုရားကိုသွားခဲ့တာ
တနေကုန် လျောက်လည်ရင်း ကားခပြတ် တကယ့်ကိုအမှတ်တရ
နေရဲ့ပူလောက်မှုတွေလည်းလုံးဝဂရုမစိုက်ခဲ့
ဒါတွေက အိမ်မက်တခုလိုပဲ လွင့်ပျောက်ခဲ့
အွန်း.ငါတစ်ယောက်တည်း...
ကလေးရေ... ကလေးရေ...
ချစ်တဲ့စိတ်နဲ့ဟစ်အော်နေတုန်း
အချစ်အိမ်လေးမှာတစ်ယောက်တည်းအထီးကျန်နေသူ
ငါရူးနေလို့.ငါရူးနေလို့...အိုး...
ကလေးရေ... ကလေးရေ...
လွမ်းတဲ့စိတ်နဲ့လိုက်ရှာနေတုန်း
လမ်းမထက်မှာစုံတွဲလေးတွေမြင်ရင်
ကြေကွဲနေလို့ ကြေကွဲနေ့လို့ ...အိုး...
အချစ်နဲ့စား အချစ်နဲ့သွား ဘဝကိုအချစ်နဲ့တည်ဆောက်ထားတာ
မင်းကတကယ့်ကိုမမြင်တာလား ဒါမှမဟုတ် မမြင်ချင်ယောင်ဆောင်နေတာလား
အချစ်က ဘဝ လောကနိဗာန်တခုလို ငါထင်မှတ်ဆဲပါ
ဒဏ္ဏာရီထဲက ပုံပြင်ထဲကအချစ်လို ငါကြင်နာခဲ့တာ
အလုပ်ကိုင်တွေလည်းပျက်ကွက်လုပ်ရပ်ကြောင့် မင်းတယောက်တည်းငဲ့ကွက်လို့
ငါ့အတ္တတွေလည်းချိုးနှိမ် မာန်မာနတွေလည်းချိုးဖျက်လို့
ရူးသွပ် စွဲလန်းခဲ့
ဒီမိုးကုတ်စက်ဝိုင်းအောက်မှာ မင်းနာမည်တခုပဲရေးထိုးခဲ့
ငါ့ရင်ဘတ်ထဲကကျောက်စာ
အိပ်ရာကနိုးတဲ့မနက်တိုင်း ဖုန်းမှာအသည်းအသန်ရှာ
မင်းရဲ့ နံပါတ် မတွေ့တော့မှ ငါသက်ပြင်းတွေချ
ထိုင်နေကြစားသောက်ဆိုင်တွေ မင်းကမပါလို့မသွားတော့ပါ
ဒီလိုနဲ့ငါ့ရဲ့ဘဝ မင်းကစာနာနားလည်ပါ
အချစ်ရေ...
ကလေးရေ... ကလေးရေ...
ချစ်တဲ့စိတ်နဲ့ဟစ်အော်နေတုန်း
အချစ်အိမ်လေးမှာတစ်ယောက်တည်းအထီးကျန်နေသူ
ငါရူးနေလို့.ငါရူးနေလို့...အိုး...
ကလေးရေ... ကလေးရေ...
လွမ်းတဲ့စိတ်နဲ့လိုက်ရှာနေတုန်း
လမ်းမထက်မှာစုံတွဲလေးတွေမြင်ရင်
ကြေကွဲနေလို့ ကြေကွဲနေ့လို့ ...အိုး...
Back Gear ထိုးပြီးအနောက်ပြန်ဆုတ်လို့ရရင်
Video ရုပ်ရှင်လို အစကပြန်ပြီးစချင်တယ်
ဒီလိုသာ ဘဝကို ပြန်ပြီးအရှေ့ကိုရစ်လို့ရရင်
ပြသာနာဖြစ်တဲ့နေ့တွေညတွေ အားလုံး ကျော်လွှားသွားချင်တယ်
မနက်တိုင်းငါ Valentineပေါ့
မင်းအတွက်နှင်းဆီပန်းတွေနဲ့ မင်းနှုတ်ခမ်းမှာအနမ်းတွေနဲ့
ဖုန်းထဲမှာလည်း အလွမ်းတွေနဲ့
ဒါပေမဲ့ အခုအခါ မဖြစ်ချင်တာတွေဖြစ်နေခဲ့
ဘဝဆိုတာက အဆန်းတကြယ်
ငါ အပ္ပမာဒေန လွမ်းနေတယ်
ကလေးရေ... ကလေးရေ...
ချစ်တဲ့စိတ်နဲ့ဟစ်အော်နေတုန်း
အချစ်အိမ်လေးမှာတစ်ယောက်တည်းအထီးကျန်နေသူ
ငါရူးနေလို့.ငါရူးနေလို့...အိုး...
ကလေးရေ... ကလေးရေ...
လွမ်းတဲ့စိတ်နဲ့လိုက်ရှာနေတုန်း
လမ်းမထက်မှာစုံတွဲလေးတွေမြင်ရင်
ကြေကွဲနေလို့ ကြေကွဲနေ့လို့ ...အိုး...



Авторы: sai sai kham leng


Sai Sai Kham Leng feat. Bunny Phyoe - Date Date Kye'
Альбом Date Date Kye'
дата релиза
23-12-2012



Внимание! Не стесняйтесь оставлять отзывы.