Wai La - 23 текст песни

Текст песни 23 - Wai La

အဝတ်စုတ်တစ်ခုလို သုတ်သွားလိုက်ပေါ့
မင်းဘဝ သန့်ပြန့်သွားအောင် လုပ်ဖို့ဆို
ငါ့ဘက်ငဲ့မကြည့်ခဲ့ပဲ နင်တောက်ပပြီး ဟိုအဝေးဆုံးထွက်သွား
ပျော်ရာကိုရှာဖို့စိတ်ပါခဲ့တဲ့ ငါ့အချစ်ဆုံး
ခုတော့ ပြတ်တုန်းလပ်တုန်း၂၃မှာငါ့ကို ပစ်သွားခဲ့
မပြေလည်တာတွေကို တော်လှန်နိုင်ဖို့ ဒီလူကိုထားခဲ့ပြီး ပျော်ရာကိုနင်သွားခဲ့
အသည်းမရှိတော့တဲ့ မင်းရင်ဘက်ဟာ စက်ရုပ်လိုဖြစ်သွား ငါလိုလူကိုရင်နာစေခဲ့သလား
ကမ္ဘာပေါ်မှာအချစ်ဆုံးတဲ့ အကြိမ်ကြိမ်နင်ပြောခဲ့ ရေဒီယိုအစီစဉ်တွေမှာ ကြော်ငြာနေသလို
မင်းပါးစပ်က မခွဲနိုင်ဘူးဆိုပြီးပြောခဲ့
လူလိမ်တွေလို ပုံပြင်တွေလို
မိုနာလီဇာလိုအပြုံးများနဲ့ လူကိုခြွေချထားပစ်ခဲ့တဲ့ မင်းရဲ့လက်ကိုလွမ်းမိလို့ ငါ့ကိုလွှတ်ချပြီးတော့ နင်အဝေးဆုံးပြေးထွက် ရွှေရောင်အလယ်မှာပျော်နေတယ်ဆို ကမ္ဘာကျော်တွေလို
လမ်းဖြတ်ကူးရင်သတိထားကူးဖို့ ဟိုးအတိတ်တို့ငါ့စိုးရိမ်ပေးမှုကို အမှတ်တရအဖြစ်နဲ့ဒီနေ့တိုင်လိုက်နာဆဲပါမင်းစကားတို့
ငါအလင်းမဲ့ချိန်မှာ မင်းမရှိတာ သိပ်ပြီးပျင်းလွန်းလို့
ခုတော့ ပြတ်တုန်းလပ်တုန်း၂၃မှာငါ့ကို ပစ်သွားခဲ့
မပြေလည်တာတွေကို တော်လှန်နိုင်ဖို့ ဒီလူကိုထားခဲ့ပြီး ပျော်ရာကိုနင်သွားခဲ့
အသည်းမရှိတော့တဲ့ မင်းရင်ဘက်ဟာ စက်ရုပ်လိုဖြစ်သွား ငါလိုလူကိုရင်နာစေခဲ့သလား
ကမ္ဘာပေါ်မှာအချစ်ဆုံးတဲ့ အကြိမ်ကြိမ်နင်ပြောခဲ့ ရေဒီယိုအစီစဉ်တွေမှာ ကြော်ငြာနေသလို
မင်းပါးစပ်က မခွဲနိုင်ဘူးဆိုပြီးပြောခဲ့
လူလိမ်တွေလို ပုံပြင်တွေလို
မိုနာလီဇာလိုအပြုံးများနဲ့ လူကိုခြွေချထားပစ်ခဲ့တဲ့ မင်းရဲ့လက်ကိုလွမ်းမိလို့ ငါ့ကိုလွှတ်ချပြီးတော့ နင်အဝေးဆုံးပြေးထွက် ရွှေရောင်အလယ်မှာပျော်နေတယ်ဆို ကမ္ဘာကျော်တွေလို
မပြေလည်တာတွေကို တော်လှန်နိုင်ဖို့ ဒီလူကိုထားခဲ့ပြီး ပျော်ရာကိုနင်သွားခဲ့
အသည်းမရှိတော့တဲ့ မင်းရင်ဘက်ဟာ စက်ရုပ်လိုဖြစ်သွား ငါလိုလူကိုရင်နာစေခဲ့သလား
ကမ္ဘာပေါ်မှာအချစ်ဆုံးတဲ့ အကြိမ်ကြိမ်နင်ပြောခဲ့

Внимание! Не стесняйтесь оставлять отзывы.