Wai La - Nin Thait Yat Sat Tal текст песни

Текст песни Nin Thait Yat Sat Tal - Wai La




မင်းတို့ရဲ့ ရပ်ကွက်ထဲ ဇိုးဘဲတွေသိပ်ပေါလို့
ခါးကြားထဲဓါးထိုးပြီးတော့ မင်းဆီလာခဲ့မလို့
အိမ်ရှေ့ထွက်ခဲ့ပါတော့ မင်းမျက်နှာလေးကိုငါငေးဖို့
မင်းနဲ့မှချစ်တတ်ခဲ့တဲ့ဘဝကို နင်သိဖို့
အကြိမ်ကြိမ် ငါနီးဖို့ကြိုးစားလည်း
မင်းက နှာခေါင်းလေးပိတ်ကာပြေးထွက်ခဲ့
ဒီလူငိုသံဟာ မကြမ်းတမ်းဘူး... ဟေ့
လူမိုက်ကြီးတစ်ယောက်မို့ မင်းမချစ်တာလား
ဒါပေမယ့် မင်းတစ်ယောက်အတွက်ဆို
ယုန်သူငယ်လိုပါ...
ငါအရမ်းချစ်ခဲ့တာပါ ဓါးချင်းခုတ်ချိန်မှာတောင် မင်းအကြောင်းတွေး
နူးညံ့တဲ့ စိတ်ဓာတ်လေးတွေ မင်းတစ်ယောက်အတွက်ငါ ပေး... သော်လည်း
ဒဏ်ရာတွေအများကြီးရချိန်မှာ မင်းဓါးရှမှာကိုငါ တွေးပြီးဆွေး...
လူမိုက်တစ်ယောက်ကိုမချစ်နိုင်ဘူးတဲ့
ငါအသည်းနုတာ မင်းမသိဘဲကွယ်
နင်သိပ်ရက်စက်တယ်
(Solo)
မင်းနှုတ်ခမ်းကငါ့အတွက် အပြုံးလေးတစ်ချက်ကို မြင်ရဖို့
မင်းကြိုက်တဲ့ ပန်းစည်းလေးတစ်ချို့ လက်ဆောင်လာပေးမလို့
ငါအရဲစွန့်ခဲ့ပါတယ်
အခက်အခဲတွေများစွာကျော်ဖြတ်လို့
သွေးစွန်းတဲ့လက်နဲ့ ပေးတဲ့ပန်းကို မကြိုက်ဖူးလို့
နင်လိုကောင်မျက်နှာမွဲ အိမ်ရှေ့မလာပါနဲ့လို့
မောင်းထုတ်သော်လည်း
မင်းဟာငါ့အတွက် beautiful
အို.လူမိုက်ကြီးတစ်ယောက်မို့ မင်းမချစ်တာလား
ဒါပေမယ့် မင်းတစ်ယောက်အတွက်ဆိုငါ
ယုန်သူငယ်လိုပါ...
ငါအရမ်းချစ်ခဲ့တာပါ ဓါးချင်းခုတ်ချိန်မှာတောင် မင်းအကြောင်းတွေး
နူးညံ့တဲ့ စိတ်ဓာတ်လေးတွေ မင်းတစ်ယောက်အတွက်ငါ ပေး... သော်လည်း
ဒဏ်ရာတွေအများကြီးရချိန်မှာ မင်းဓါးရှမှာကိုငါ တွေးပြီးဆွေး...
နင်ကငါ့ကိုမချစ်နိုင်ဘူးတဲ့
ငါအသည်းနုတာ မင်းမသိဘဲကွယ်
ငါတကယ်ကိုအရမ်းချစ်ခဲ့တာပါ ဓါးချင်းခုတ်ချိန်မှာတောင် မင်းအကြောင်းတွေး
နူးညံ့တဲ့ စိတ်ဓာတ်လေးတွေ မင်းတစ်ယောက်အတွက်ငါ ပေး... သော်လည်း
ဒဏ်ရာတွေအများကြီးရချိန်မှာ မင်းခလုတ်တိုက်မှာကိုငါ တွေးပြီးဆွေး...
လူမိုက်တစ်ယောက်ကိုမချစ်နိုင်ဘူးတဲ့
ငါအသည်းနုတာ မင်းမသိဘဲကွယ်
နင်သိပ်ရက်စက်တယ်
အိုး... ဟိုး... အိုးဟို... အိုး... အို... အို
အိုး...
(End)



Авторы: Wai La



Внимание! Не стесняйтесь оставлять отзывы.
//}