G Fatt - Myo Pya Ye Away Lyrics

Lyrics Myo Pya Ye Away - G Fatt




ဟေ့ဟေ့ ခရီးထွက်မယ် လိုက်မလားပြော
တချို့က ငြိမ်းချမ်းဖို့အတွက် ဝိပဿနာထိုင်ပွားတယ်
ငါတို့က အပူအပင်ကင်းဖို့ ခရီးထွက်မှာ လိုက်မလား ကဲ
Smallတီးလိုက်တဲ့စည်းချက်က အမိုက်စားပဲ
လိုက်မယ့်ဘော်ဒါနဲ့ Selfie အနီးကပ် ငါ ရိုက်ထားမယ်
အမှတ်တရကွာ အမှတ်တမဲ့ပေါ့ ဒီလိုအခွင့်အရေးမျိုးထပ်ရစရာ ခက်ခဲသပေါ့
ငါပြောမယ် အလုပ်တွေလည်း လက်ပြကာထွက်ခဲ့တော့
ရန်ကုန်မြို့ပြနဲ့ တစက်မှ ငါ ဓာတ်မတည့်တော့
တစ်နှစ်လုံးစာစုထားတဲ့မုန့်ဖိုးတွေတပြုတ်
တစ်နေရာရာဒိုးမယ်ကွာ သားကြီး အထုတ်အပိုးတွေ ထုတ်ခဲ့ အဖွဲ့ထဲကကောင်တွေ
ပေါက်ကရပြောတာ နှုတ်ကျိုးနေလို့တဲ့
ပါးစပ်မဆော့နဲ့ ဟေ့ရောင် မကောင်းဆိုးဝါး ဂုတ်ချိုးနေအုံးမယ်
တိမ်ညိုတိမ်ဖြူလေးတွေက ရောရှုပ်ထွေးနေ ဟိုးအဝေး
တောင်တန်းကြီးတွေနဲ့ တောအုပ်လေးတွေ
ငါ့မှာငေးရင် အိပ်ပျော်မိမှာတောင် နှမြောလို့
ဒီလိုနဲ့ငါတို့ကားလေး ကလောသို့ တရွေ့ရွေ့
Toll Gateကကောင်မလေးကို လှမ်းလို့စကြ
ဟိုးအတိတ်ကအရာတွေလည်း ငါ လွမ်းလို့မဝပါ
ရှမ်းရိုးမမှာ ဒီအချိန်ဆို မြူခိုးတွေချည်း
ပုထိုးစေတီတွေပေါတဲ့ ငါတို့တိုင်းရင်းသားလူမျိုးတွေဆီ
မြို့ပြရဲ့အဝေး မြို့ပြရဲ့အဝေး မြို့ပြရဲ့အဝေး
လာ ဒိုးကြမယ်ဟေ့ လာ ဒိုးကြမယ်ဟေ့
ဆိုးဝါးတဲ့အတွေးတွေ ဆိုးဝါးတဲ့အတွေးတွေ အရာရာမေ့
မြို့ပြရဲ့အဝေး မြို့ပြရဲ့အဝေး မြို့ပြရဲ့အဝေး
လာ ဒိုးကြမယ်ဟေ့ လာ ဒိုးကြမယ်ဟေ့
ဆိုးဝါးတဲ့အတွေးတွေ ဆိုးဝါးတဲ့အတွေးတွေ အရာရာမေ့
အဖေနဲ့အမေ့အတွက် လက်ဆောင်လေးတွေ သတိတရငါရွေး
မိဘရှာကြွေးတဲ့မောင်မင်းကြီးသား ကြီးပွားပါစေ လူတိုင်းအတွက်
အဓိကဟာ ငွေ ငါ့အတွက် အဓိက ခရီးသွားလာရေး အဲ့လိုခရီးသွားရင် ရည်းစားပါမေ့
ငါတို့နိုင်ငံရဲ့ သဘာဝအလှ
အထင်ကရနေရာမျိုးတွေကို ဘယ်အိမ်နီးချင်းနိုင်ငံကမှ ယှဉ်မရတာဆိုး
ကကြိုးကကွက်တွေနဲ့ လာပြီးသင်ပြစရာမလို
ရှမ်းအိုးစည်သံကြားတာနဲ့ အလိုလိုဝင်ကတာမျိုး
မင်းတို့ Raveတာလောက်တော့ ကလေးကွက်တွေပါ ဒီက ဦးရွှေရိုး
ဒေါ်မိုးနဲ့တွေ့ရင် သွေးပျက်နေမှာ အဲ့လို ရိုးသား
ပွင့်လင်းတဲ့အငွေ့အသက်တွေပြည့်နှက်နေတာ အညာ မြန်မာပြည်အလယ်ပိုင်းကျေးလက်ဒေသ
မင်္ဂလာပါဗျာ အဲ့လိုအသံနေအသံထားနဲ့ နှုတ်ဆက်တတ်တဲ့မြန်မာအကြောင်းပြောရင်
ပုဂံမြေကို ချန်မထားနဲ့ ပြီးတော့ ဧရာဝတီကို
တခါတည်းသတိရ ကမ္ဘာလှည့်ခရီးသွားတွေ ကြွေတဲ့တိုင်းပြည် လာခဲ့ကြည့်ကွာ
မြို့ပြရဲ့အဝေး မြို့ပြရဲ့အဝေး မြို့ပြရဲ့အဝေး
လာ ဒိုးကြမယ်ဟေ့ လာ ဒိုးကြမယ်ဟေ့
ဆိုးဝါးတဲ့အတွေးတွေ ဆိုးဝါးတဲ့အတွေးတွေ အရာရာမေ့
မြို့ပြရဲ့အဝေး မြို့ပြရဲ့အဝေး မြို့ပြရဲ့အဝေး
လာ ဒိုးကြမယ်ဟေ့ လာ ဒိုးကြမယ်ဟေ့
ဆိုးဝါးတဲ့အတွေးတွေ ဆိုးဝါးတဲ့အတွေးတွေ အရာရာမေ့
အပူပိုင်းဒေသကိုတော့ ဖုန်ထူလို့မသွားချင်ရင် ဘိတ်ကျွန်းစုမှာ
ရေငုတ်လိုက် ဆလုံလူမျိုးများနှင့် ခါကာဘိုရာဇီတက်ပြီး
ဂုဏ်ယူလို့မဝဖြစ်ရင် ငါတို့နိုင်ငံအလံကို ပုံတူထိုးထား မင်း
ချစ်စရာဓလေ့ထုံးတမ်းအစဉ်အလာနဲ့ပါ
သဘာဝသယံဇာတတွေ ပေါကြွယ်ဝ
တောင်တန်းကြီးတွေကြား ရေတံခွန်နဲ့ မြစ်ပေါင်းများစွာစီးဆင်းတဲ့ မြေပါ
ဟိုမှာ ရွှေဝါရောင်စပါးခင်းများ ကျော်ပြီးရင် ထန်းတောတွေဆီမှာနား
ပင်လယ်တွေဆီကိုလိုက်အုံးမလား
ရှေးဟောင်းအမွေအနှစ်တွေအပြည့်နဲ့ မြန်မာ. .



Writer(s): G Fatt



Attention! Feel free to leave feedback.