G Fatt - Say Tway Ma Thout Chin Buu Lyrics

Lyrics Say Tway Ma Thout Chin Buu - G Fatt



အမေသားအိမ်ပြန်ချင်တယ်
မိုးလင်းကမိုးချုပ်ထိ ဆရာဝန်ကြီးနဲ့
Nurseတွေဘဲမြင်ရတဲ့အခန်းထဲကလူ
ဆေးထိုးအပ်အကြီးအသေးအလတ်
အရွယ်စုံSizeစုံနေ့စဉ်တိုင်းငါ့
သွေးကြောတွေမှာစူးအဆင်မပြေဘူး
အသက်ကိုမနည်းရှူပြီးတော့
ငိုရသူ မပျော်ပါဘူး
မနက်တစ်ကြိမ် နေ့တစ်ကြိမ်
ညတစ်ကြိမ် တိုက်တဲ့
(ဆေးတွေမသောက်ချင်ဘူး)²
ဒီတိုင်းခံစားနေရတာထက်
သေသွားတာမှပိုကောင်းဦးမယ်
(ဆေးတွေမသောက်ချင်ဘူး)²
မသက်သာလဲနေပလေ့စေတော့
မနက်ဖြန်တော့ငါအိမ်ကိုပြန်ချင်သူ...
ငါ့ကိုသိပ်ချစ်တဲ့ မိဘ၊ရည်းစား၊
သူငယ်ချင်းတွေရဲ့တန်ဖိုးကို
အခုမှငါသိပြီ အနားမှာတစ်ဖဝါးမခွာ
ပြုစုဂရုစိုက်ပေးနေကြတဲ့
မင်းတို့ကိုငါ ကျေးဇူး
မမေ့ဘူး ဟိုးအရင်ကျန်းမာတုန်းက
ကမ္ဘာလေးတစ်ခု... မသေဘူး...
ဒီဆေးရုံကြီးပေါ်ကငါဆင်းမယ်.
(ဆေးတွေမသောက်ချင်ဘူး)²
ဒီတိုင်းခံစားနေရတာထက်
သေသွားတာမှပိုကောင်းဦးမယ်
(ဆေးတွေမသောက်ချင်ဘူး)²
မသက်သာလဲနေပလေ့စေတော့
မနက်ဖြန်တော့ငါအိမ်ကိုပြန်ချင်သူ.
ကျနော်.ဒီကုတင်ပေါ်
လပေါင်းများစွာလဲကာနေ(လဲကာနေ)
ကျနော်.ဒီခန္ဓာကိုယ်
ဒီရောဂါကြီးကိုလည်းမုန်းတယ်အမေ
အားလုံးကိုစိတ်ချစွာထွက်သွားပါရစေ
ကျနော်.မပိုင်ဆိုင်နိုင်တော့တဲ့သူမက
အသစ်ရှာချစ်ပါစေ(အသစ်ရှာချစ်ပါစေ)
ကျနော်.ဒီသူငယ်ချင်းများကို
နောက်ဘဝမှာထပ်တွေ့ချင်သေး.
စိတ်ချစွာထွက်သွားပါရစေ
မငိုနဲ့တော့အမေ ကောင်းမှုတွေလှုပ်ပြီး
ကျနော့်အတွက်... အမျှဝေ...
(ဆေးတွေမသောက်ချင်ဘူး)²
လာမတိုက်ပါနဲ့...လာမတိုက်ပါနဲ့...
ဒီအတိုင်းသေသွားတာကောင်းဦးမယ်
ငါဆေးတွေမသောက်ချင်ဘူး
ဆေးတွေမသောက်ချင်တော့ပါဘူး
မနက်ဖြန်တော့.မနက်ဖြန်တော့.
အိမ်ကိုရောက်အောင်.ရောက်အောင်ကို
ငါပြန်ခဲ့တော့မယ်... Yeah
ငါမနက်ဖြန်တော့အိမ်ကိုရောက်အောင်ပြန်ခဲ့မယ်.
ဆေးတွေမသောက်ချင်ဘူး...



Writer(s): G Fatt


G Fatt - 120/B
Album 120/B
date of release
02-03-2018




Attention! Feel free to leave feedback.