Mi Sandi - Chit Nay Ya Yin Pal Lyrics

Lyrics Chit Nay Ya Yin Pal - Mi Sandi



နိုးထမနက်ခင်းလေးမှာ
ငှက်ကလေးများဟာတေးသီနေခဲ့
ငါ့ရဲ့ဘယ်ဘက်ခြမ်းက
ရင်ဘတ်ထဲမှာ
လွမ်းနေပြန်တယ်
ဒီအချစ်ကြောင့်ပဲ
ပူလောင်တယ်
အလင်းမဲ့စိတ်ကူးထဲမှာ
ငါရေးထားတဲ့အချစ်ပုံပြင်ထဲ
ငါ့အတွက်နင်မင်းသားပေါ့
လက်ကလေးတွဲကာချစ်သူတွေပဲ
အပြင်လက်တွေ့က
ကွာခြားတယ်
ဒီစိတ်ကူးပုံရိပ်များလည်း
မျိုသိပ်ကာနေရင်းနဲ့ငါ
မသိစိတ်ကမျှော်လင့်မိပြန်တယ်
တိမ်တိုက်လိုချစ်ခြင်းများ
လေတိုက်ရာနှင်ပြေးသွားပါ
ငါတစ်ဖက်သတ်အချစ်တွေနဲ့
ကမ္ဘာမြေအဆုံးထိချစ်နေမယ်
ချစ်နေရရင်ပဲ
ငါကျေနပ်တယ်
အိပ်မက်များစွာနဲ့
ငါတစ်ယောက်တည်း
ဟိုအဝေးဆုံးမှာ
ဟန်ဆောင်ကာနေရင်းနဲ့
ချစ်နေရရင်ပဲ
ငါဖြေသိမ့်မယ်
ရက်စက်ခြင်းတွေနဲ့
နာကျင်နေလည်း
ဒီအပြုံးနဲ့ငါ
ချစ်နေရရုံနဲ့ကျေနပ်လိုက်မယ်
အတူတူတွဲရိုက်ထားတဲ့ဓါတ်ပုံတွေအခုထိ
မဖျက်ရသေးပါဖုန်းထဲအသေအချာစုထားသည်
နင်ချန်ခဲ့တဲ့အသည်းနှလုံးရင်ဘတ်လည်း
ကွက်လပ်လေးပါမင်းပဲနေရာယူထားသည်
လွမ်းစရာများကိုနာစရာနဲ့ဖြေဖို့
အထပ်ထပ်တွေးကာ
ကြိုးစားအကြိမ်ကြိမ်ကုစားသည်
သို့ပေမဲ့ငါချစ်နေဆဲပါပဲ
မျှော်လင့်နေဆဲပါပဲ
သိတယ်ငါတကယ်ကိုမှားသည်
ဟိုနေ့ကသူမ
နင့်ရဲ့ရင်ခွင်ထဲ
ချွဲနွဲ့လို့တိုးဝင်တာငါကိုယ်တိုင်မြင်ခဲ့
နင့်မျက်နှာလေးပြုံးနေလိုက်တာများကွာ
နင်တို့ရဲ့အပျော်တွေကမိုးမမြင်လေမမြင်ပဲ
ရင်ထဲမှာနင့်နေအောင်ကြေကွဲရပေမဲ့
ငါ့မျက်နှာပျက်သွားတာဘယ်သူမှမမြင်စေခဲ့
ရက်ပေါင်း၄၀၀ကျော်ကြာမြင့်ခဲ့ပေမဲ့
ငါ့မျက်ရည်တွေကနင့်အတွက်ကြွေနေဆဲ
မှန်တယ်သူနဲ့ယှဉ်ရင်ငါကအလကားပါ
အညတရလူသား
နယ်လှည့်ဖျော်ဖြေရေးသမားပါ
နင်နဲ့သူနဲ့ကသာနေနဲ့လပမာ
လိုက်ဖက်လွန်းပါတယ်
နင်တို့ဘဝကရွှေနဲ့မြပါ
နင့်ကိုပိုင်ဆိုင်ရဖို့ငါလေမကြိုးစားပါ
အဝေးကချစ်နေခွင့်လေးတော့ငါ့ကိုပေးသနားကွာ
ရင်ထဲကလှိုက်လှဲစွာဆုတောင်းပေးလိုက်တာ
ထာဝရပျော်ရွှင်ပါစေ
နင်သူ့ရဲ့ဘေးနားမှာ
ချစ်နေရရင်ပဲ
ငါကျေနပ်တယ်
အိပ်မက်များစွာနဲ့
ငါတစ်ယောက်တည်း
ဟိုအဝေးဆုံးမှာ
ဟန်ဆောင်ကာနေရင်းနဲ့
ချစ်နေရရင်ပဲ
ငါဖြေသိမ့်မယ်
ရက်စက်ခြင်းတွေနဲ့
နာကျင်နေလည်း
ဒီအပြုံးနဲ့ငါ
ချစ်နေရရုံနဲ့ကျေနပ်လိုက်မယ်




Attention! Feel free to leave feedback.