Thar Thar - A Naint a Myint Lyrics

Lyrics A Naint a Myint - Thar Thar




မင်းအဆင်ပြေတဲ့အခါ
မင်းအောင်မြင်တဲ့အခါ
မင်းကိုဖျက်ဆီးမယ့်သူတွေ
ကဲ့ရဲ့သူတွေမနဲပါ
အချို့တွေကသနားစရာ
ရှေ့မှာကပ်ဖားကာ
နောက်ကွယ်မှာမင်းအကြောင်းတွေကို အတင်းချတာပြန်ကြားလာ
အန္တရာယ်တွေကြားမှာ
ခံနိုင်ရည်ထားပါ
ရန်သူနဲ့ မိတ်ဆွေအတုကိုခွဲ
Follow လဲလိုက်ရုံပဲ
ပြန်လှည့်စားကာ
အနိုင်ယူလို့ထားပါ
ဒါပေမယ့်သူတို့လို မယုတ်မာနဲ့
စိတ်တွေမပုတ်ပါနဲ့
အရေးကြီးတဲ့ကိစ္စကိုတွေး
အကျိုးရှိတဲ့ နေ့ရက်တွေအဖြစ်
လူပီသတဲ့စိတ်ကိုမွေး
ကောင်းအောင်နေပြီး
အနိမ့်အမြင့်ဆိုတာမျိုး
ကြုံလာတုန်း ခံနိုင်ဖို့
ဘုရားလည်းပြန်ရှိခိုး
အချိန်ရှိတုန်း ကြိုးစား
မင်းအဆင်မပြေတဲ့အခါ
မင်းအရောင်မှိန်တဲ့အခါ
မင်းကို ကပ်ဖားတဲ့သူတွေ မြှောက်ပင့်သူတွေပျောက်ကာ
တွေ့ရင်တောင်ကြောက်လာ
မင်းကိုရှောင်ရှားကာ
သူတို့အဆင်ပြေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အလုပ်တွေသာများလာ
ကြာရင်မေ့သွားမှာ
ချောင်မှာပစ်ထားကာ
ဟန်ဆောင်တဲ့မိတ်ဆွေအတုတွေလည်း
ထွက်ပြေးသွားကြစမြဲ
အဖော်မွန်ကောင်းတွေသာ
အတူကျန်နေရစ်မှာပါ
အို... တန်ဖိုးထား
မိတ်ဆွေကောင်းဟာ တကယ်ပဲရှား
အရေးကြီးတဲ့ကိစ္စကိုတွေး
အကျိုးရှိတဲ့ နေ့ရက်တွေအဖြစ်
လူပီသတဲ့စိတ်ကိုမွေး
ကောင်းအောင်နေပြီး
အနိမ့်အမြင့်ဆိုတာမျိုး
ကြုံလာတုန်း ခံနိုင်ဖို့
ဘုရားလည်းပြန်ရှိခိုး
အချိန်ရှိတုန်း ကြိုးစား





Attention! Feel free to leave feedback.