Irene Zin Mar Myint - Min Ma Thi Thaw paroles de chanson

paroles de chanson Min Ma Thi Thaw - Irene Zin Mar Myint




ဒီသီချင်းကို မင်းနားဆင်နေရင်းနဲ့
သံသရတွေအများကြီး ဝင်မနေနဲ့
ငါနင့်အနားကပ်ဖို့ မဝင်ရဲတဲ့လူ နင့်အဝေးကငါ
စိတိရှိတိုင်းဆို မင်းနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး
စကားတွေပြောလိုက်ချင်တယ် အချိန်တိုင်းတာတွေမရှိ
ဒါကလည်း စိတ်ကူးတဖက်သတ်သာ ငါ့ရဲ့ဘက်က
ဘယ်လောက်နှစ်သက်မိတာ အများကြီး ငါလေမပြောတော့
ဘယ်လောက်ထိရူးသွပ်ပြီးတော့
ချစ်နေတာတွေလည်း ထားတော့
မင်းကြောင့် မင်းလေးကြောင့်ပေါ့ငါ
စိတ်ကူးတွေ ယဉ်တတ်ခဲ့တာ
မင်းရဲ့ရှေ့မှာရပ်ကာ ငါရှိနေတောင်မှ
မင်းလေးငါ့ကိုသိနိုင်မှာ မဟုတ်ပါ အချစ်ဆုံး
ဒါပေမဲ့လည်း မင်းမသိသော
မင်းလေးအနားက သိပ်ချစ်ရသူတယောက်ပါ
အကယ်၍မင်းအနား ဒီဘဝရောက်ဖို့ခက်ရင်
နင့်အနားမဟုတ်တဲ့ ငါအဝေးကနေချစ်မယ်
ငါဆိုတာလည်း အခု မင်းမသိတဲ့အတိုင်း
ဆက်ပြီးတော့နေမယ်
အကယ်၍ မင်းအနား ဒီဘဝရောက်ဖို့ခက်ရင်
နင့်အနားမဟုတ်တဲ့ ငါအဝေးကနေချစ်မယ်
ငါဆိုတာလည်း အခု မင်းမသိတဲ့အတိုင်း
ဆက်ထားလိုက်ပါကွယ်
ငါထင်တာတော့ မင်းလေးနီးဖို့ကမလွယ်
အလှမ်းဝေးလွန်းတယ် မင်းနဲ့ကိုယ်နဲ့
ကိုယ့်မမျှော်လင့်ရဲသော ကိုယ့်ရင်ထဲ ကိုယ်ချစ်ရသူရယ်
အကယ်၍ ငါ့လုပ်ရက်များ အနှောင့်အယှက်ဖြစ်ရင်
ငါနဲ့ပက်သက်တာ ဘာမှမင်းအနား မမြင်စေရဘူး
အခု မင်းမသိတဲ့အတိုင်း ဆက်ပြီးတော့ နေလိုက်မယ်
တူး တူ တူ တူ တူ တူ တူ တူ...
တူး တူ တူ
ကိုယ့်မမျှော်လင့်ရဲသော ကိုယ့်ရင်ထဲ ကိုယ်ချစ်ရသူရယ်
ငါဆိုတာလည်း မင်းမသိတဲ့အတိုင်း
ဆက်ပြီး ချစ်နေမယ်




Irene Zin Mar Myint - Min Ma Thi Thaw
Album Min Ma Thi Thaw
date de sortie
14-11-2018




Attention! N'hésitez pas à laisser des commentaires.
//}