paroles de chanson Min Thi Aung Loh - Mi Sandi
ငါပဲအချစ်ကိုကိုးကွယ်မိသူပေါ့
ငါကပဲအရှုံးတွေစတင်ဖန်တီးထား
လှည့်စားလို့သွားလည်းခွင့်လွှတ်ထားတယ်
နင့်အပြုံးနဲ့အသက်ဆက်လို့
မလာရဲပဲနဲ့ငါ့ကိုကစားကာမင်းခိုဝင်
ဒဏ်ရာနဲ့ငါ့ရဲ့အချစ်တွေမကျက်သေးဘူး
အဆုံးသတ်မသွားခင်တစ်ချက်ငဲ့ကြည့်ပါဦး
ဒါတွေမင်းသိအောင်လို့
ဒါတွေမင်းမသိမှာစိုး
နောင်တမရတော့ဘူးကွာမင်းနဲ့ဝေးတဲ့နေ့တွေကို
ထာဝရမင်းကိုချစ်တာပေးဆပ်ခြင်းပဲမို့
မငိုချင်ဘူးမင်းကြောင့်ငါမရူးဘူး
အသဲလေးကွဲလည်းဘာမှမထူး
ဒီလိုပြောဖြစ်ခဲ့ပေမဲ့
နှလုံးသားတစ်စစီပဲ
ဒဏ်ရာအပြည့်နဲ့သာကျန်ရစ်ခဲ့
အားလုံးပြီးဆုံးသွားပြီဇာတ်လမ်းထဲ
မျှော်လင့်ချက်မဲ့နေလည်း
ရင်ထဲမင်းတစ်ယောက်တည်းရှိတယ်
မင်းပဲဖန်တီးခဲ့တာပဲ
မင်းပဲပြန်လည်ဖျက်ဆီးခဲ့တာပဲ
ဘယ်လိုဖြစ်ဦးမလဲ
အရင်လိုချစ်တုန်းပဲ
မင်းအငွေ့အသက်လေးတွေရင်ခွင်မှာရှိတုန်းပဲ
မငိုချင်ဘူး
မင်းကြောင့်နဲ့မငိုချင်ဘူး
မဆိုချင်ဘူး
အဆွေးသီချင်းတွေမဆိုချင်ဘူး
တွေးရင်းကျရှုံးလာမင်းရဲ့မျက်ဝန်းမှာ
ငါဒဏ်ရာနာကျင်စွာ
ထင်ကျန်နေနှလုံးသား
ဒါတွေမင်းသိအောင်လို့
ဒါတွေမင်းမသိမှာစိုး
နောင်တမရတော့ဘူးကွာမင်းနဲ့ဝေးတဲ့နေ့တွေကို
ထာဝရမင်းကိုချစ်တာပေးဆပ်ခြင်းပဲမို့
မငိုချင်ဘူးမင်းကြောင့်ငါမရူးဘူး
အသဲလေးကွဲလည်းဘာမှမထူး
ဒီလိုပြောဖြစ်ခဲ့ပေမဲ့
နှလုံးသားတစ်စစီပဲ
ဒဏ်ရာအပြည့်နဲ့သာကျန်ရစ်ခဲ့
အားလုံးပြီးဆုံးသွားပြီဇာတ်လမ်းထဲ
မျှော်လင့်ချက်မဲ့နေလည်း
ရင်ထဲမင်းတစ်ယောက်တည်းရှိတယ်
ဝေးဖို့အကြောင်းကိုတစ်ခါမှငါစိတ်မကူးခဲ့
ကံတရားရဲ့အဆုံးသတ်မှာ
တိတ်တဆိတ်နင်ထွက်သွားတယ်
မင်းအနမ်းမင်းပုံရိပ်တွေ
သတိရလို့ကြိတ်ငိုမိတယ်
မင်းမရှိတဲ့ငါ့ရဲ့ကမ္ဘာထဲ
ပျော်စရာပျောက်ဆုံးတဲ့ညတွေ
မင်းသိအောင်လို့
...
Attention! N'hésitez pas à laisser des commentaires.