paroles de chanson A Ko Gyi a Pha a Yar - Wai La
အမေချစ်တဲ့သားကြီး
အသက်လေးဆယ်ကျော်ခဲ့ပြီ
အခုခေတ်ကြီးရဲ့
ကုန်ဈေးနှုန်းတွေဘာမှမသိ
အခုဘဝကံကောင်းသည်
အလုပ်လုပ်စရာမလိုတဲ့အထိ
နောက်ဘဝဆက်ကောင်းဖို့
သူငယ်ချင်းများကိုအလှူပေးမည်
အိမ်မှာအကြီးဆုံးသားငါ
အကိုကြီးတော့အဖအရာ
ဟေး
ညီငယ်ညီမငယ်
ချွေးစက်အမြောက်အများနဲ့
မွှေးလွန်းတဲ့ဟင်းတစ်ခွက်
ဘုံဆိုင်ကိုငါယူသွားဦးမည်
အကိုအကြီးဆုံးငါ့ဘဝမှာ
ထမင်းလဲငတ်စရာဘာမှကိုမရှိ
အိုး
အငယ်ကောင်တွေဟာ
အလုပ်ကောင်းလွန်းသည်
သီတင်းကျွတ်ရောက်တဲ့အခါ
ဦးချကန်တော့သူမောင်နှမတစ်ပုံကြီး
အိုး
ဘုံဆိုင်မှာငါဟာသူဌေးသားကြီး
ငါနောက်တစ်ခွက်
နောက်တစ်ခွက်နဲ့
လမ်းလျောက်လို့မရတဲ့
နေ့တို့အတွက်
မှဲ့တစ်ပေါက်တောင်မစွန်းစေရအောင်
အပေါင်းအသင်းများထမ်းပြီးပို့ခဲ့
အိမ်ထောင်လဲမပြုချင်ဘူး
မလွတ်လပ်မှာကို
ကြောက်လို့
ဟေ့
ရတဲ့ဘဝခဏလေးမှာ
ဟေ့
နားအေးပါးအေးအိပ်စက်
ငါ့ညီမတွေဆီ
အားဆေးလေးပူဆာဦးမည်
ငါ့မှာအပူအပင်တွေဆိုတာ
တစ်ခုမှမရှိ
အကိုအကြီးဆုံးငါ့ဘဝမှာ
ထမင်းလဲငတ်စရာဘာမှကိုမရှိ
အိုး
အငယ်ကောင်တွေဟာ
အလုပ်ကောင်းလွန်းသည်
သီတင်းကျွတ်ရောက်တဲ့အခါ
ဦးချကန်တော့သူမောင်နှမတစ်ပုံကြီး
အိုး
ဘုံဆိုင်မှာငါဟာသူဌေးသားကြီး
အိမ်မှာအကြီးဆုံးသားငါ
အကိုကြီးတော့အဖအရာ
ဟေး
ညီငယ်ညီမငယ်
ချွေးစက်အမြောက်အများနဲ့
မွှေးလွန်းတဲ့ဟင်းတစ်ခွက်
ဘုံဆိုင်ကိုငါယူသွားဦးမည်
အကိုအကြီးဆုံးငါ့ဘဝမှာ
ထမင်းလဲငတ်စရာဘာမှကိုမရှိ
အိုး
အငယ်ကောင်တွေဟာ
အလုပ်ကောင်းလွန်းသည်
သီတင်းကျွတ်ရောက်တဲ့အခါ
ဦးချကန်တော့သူမောင်နှမတစ်ပုံကြီး
အိုး
ဘုံဆိုင်မှာငါဟာသူဌေးသားကြီး
အကိုအကြီးဆုံးငါ့ဘဝမှာ
ထမင်းလဲငတ်စရာဘာမှကိုမရှိ
အိုး
အငယ်ကောင်တွေဟာ
အလုပ်ကောင်းလွန်းသည်
သီတင်းကျွတ်ရောက်တဲ့အခါ
ဦးချကန်တော့သူမောင်နှမတစ်ပုံကြီး
အိုး
ဘုံဆိုင်မှာငါဟာသူဌေးသားကြီး
အငယ်ကောင်တွေဟာအလုပ်ကောင်းလွန်းသည်
ဘုံဆိုင်မှာငါဟာသူဌေးသားကြီး
Attention! N'hésitez pas à laisser des commentaires.