Wai La - Mee Taung Nat Pin Lal Shi Tat a Khan paroles de chanson

paroles de chanson Mee Taung Nat Pin Lal Shi Tat a Khan - Wai La




အခန်းထဲမှာ.
တခြမ်းပဲယပ်တောင်တစ်ချောင်းနဲ့
ပန်းသီးပုပ်တစ်လုံးနဲ့ နာရီသံတွေ
သေဆုံးအိပ်ခဲ့ ကွေ့ကောက်တွန့်လိမ်သွားတဲ့
အသေးစားအတ္တများက ဖုန်တွေပေးပြီးလဲလျောင်းနေတယ်
အခန်းထဲမှာ ထင်းရူးသေတ္တာတစ်လုံးရယ်
ကက်ဆက်တိပ်ခွေတချို့ရယ်
ရင်ခုန်သံတွေ ကြပ်ခိုးမှိုင်းဆွဲ
ခရီးသွားမီုးတိမ်တစ်ခုက တံခါးပေါက်နားမှာ
ရပ်လို့ ဘာတွေရှိမလဲချောင်းကြည့်နေတယ်
အခန်းထဲမှာ...
ပွန်စားပဲ့ကြွေသွားတဲ့ နှစ်ချို့ပြက္ခတိန်ပေါင်းရယ်
ဘာသာပြန်ရင် ရှုပ်ထွေးသွားမယ်
မီးတောင်သေကြီးတစ်ခုလို
အားလုံးကို လျိုဝှက်ထားတယ်
အခန်းထဲမှာ. ဓားထက်ထက်တစ်ချောင်းနဲ့
မှားလက်စတွေအပြည့်နဲ့
ဒဏ်ရာတွေကို ချိတ်ဆွဲထားတယ်
အဆိပ်တက်ကူးခတ်ရင်းနဲ့
အမောစို့နစ်မြုပ်သွားတဲ့
ပင်လယ်တစ်ခုလည်း ရှိလိုနေတယ်
အခန်းထဲမှာ ထင်းရူးသေတ္တာတစ်လုံးရယ်
ကက်ဆက်တိပ်ခွေတချို့ရယ်
ရင်ခုန်သံတွေ ကြပ်ခိုးမှိုင်းဆွဲ
ခရီးသွားမီုးတိမ်တစ်ခုက တံခါးပေါက်နားမှာ
ရပ်လို့ ဘာတွေရှိမလဲချောင်းကြည့်နေတယ်
Instrumental.
အခန်းထဲမှာ. ဓားထက်ထက်တစ်ချောင်းနဲ့
မှားလက်စတွေအပြည့်နဲ့
ဒဏ်ရာတွေကို ချိတ်ဆွဲထားတယ်
အဆိပ်တက်ကူးခတ်ရင်းနဲ့
အမောစို့နစ်မြုပ်သွားတဲ့
ပင်လယ်တစ်ခုလည်း ရှိလိုနေတယ်
အခန်းထဲမှာ...
ပွန်စားပဲ့ကြွေသွားတဲ့ နှစ်ချို့ပြက္ခတိန်ပေါင်းရယ်
ဘာသာပြန်ရင် ရှုပ်ထွေးသွားမယ်
မီးတောင်သေကြီးတစ်ခုလို
အားလုံးကို လျိုဝှက်ထားတယ်.
အခန်းထဲမှာ do to do to do to
Hay Hey Hay do to do to do to
Har har Hey Yay.
အခန်းထဲမှာ.



Writer(s): Khual Pi



Attention! N'hésitez pas à laisser des commentaires.
//}