Wai La - Nout Sone Ka Sount Nay Mal paroles de chanson

paroles de chanson Nout Sone Ka Sount Nay Mal - Wai La



အချိန်မှန်၂ ဖေ့ဘုတ်ကနေ ခိုးခိုးကြည့်
ငါကြွေသူနင့်အပြုံးတွေ လွမ်းသည်
နင်ဘာပုံတင်တင် ငါကအသည်းလေး
အမြဲပေးခဲ့တာ နင်မသိ
ဟေ့ နင်မယုံရင် hand phoneလေးကို
လာမေးကြည့် မင်းအကြောင်းများ
သိမ်းရလို့ ဗိုက်ပြည့်နေပြီ
ဒီလိုtalkieတွေကို သူပြောပြလို့
မင်းနားပူမယ်
Oh. ငါဟာရုပ်ဆိုးတယ် ဒါဘာဖြစ်လဲကွယ်
လူတကာeffectတွေ ငါမသုံးဘူး အချစ်ရေ
ချောမှကြိုက် ခေတ်ရဲ့စရိုက် ဝဲပစ်လိုက်
လူဆိုတာ အားလုံးအပုပ်ကောင်တွေပဲ
အရွယ်စုံလူအစုံထဲ အတုနဲ့အစစ်
ခွဲတက်တဲ့တနေ့ ဒီရင်ခွင်ကို နင်မြင်မယ်
ငါနောက်ဆုံးတန်းလေးက စောင့်လို့နေပါမယ်
ရာသီတွေပြောင်းလို့သွားပါစေ ကိစ္စမရှိ
ဒီရင်မှာ နင်ကသာ နံပါတ်တစ်
နင်ကြင်နာချိန်ကို ငါဂရုတစိုက်နဲ့စောင့်လို့နေပါတယ်
အချိန်ဟာ အရေပြားများတွန့်စေတယ် ချစ်သူ
ရက်လနှစ်တို့ စားသုံးလို့ ခါးကုန်းပါစေကွယ်
ဒီလူရင်မှာ နင်ဟာ အချိန်တိုင်း အမြဲလတ်ဆက်ပါတယ်
Oh. ငါဟာရုပ်ဆိုးတယ် ဒါဘာဖြစ်လဲကွယ်
လူတကာeffectတွေ ငါမသုံးဘူး အချစ်ရေ
ချောမှကြိုက် ခေတ်ရဲ့စရိုက် ဝဲပစ်လိုက်
လူဆိုတာ အားလုံးအပုပ်ကောင်တွေပဲ
အရွယ်စုံလူအစုံထဲ အတုနဲ့အစစ်
ခွဲတက်တဲ့တနေ့ ဒီလူရင်ကိုနင်မြင်မယ်
ငါနောက်ဆုံးတန်းလေးက စောင့်လို့နေပါမယ်.
ငါနောက်ဆုံးတန်းလေးက စောင့်လို့နေပါမယ်
Oh Ho.
ငါနောက်ဆုံးတန်းလေးက စောင့်လို့နေပါမယ်





Attention! N'hésitez pas à laisser des commentaires.