Fats Waller - There's Going to Be the Devil to Pay текст песни

Текст песни There's Going to Be the Devil to Pay - Fats Waller




ဒီနိုင်ငံက နင်ထွက်သွားတော့မယ်ဆို
အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးလည်းငိုလို့
ဒီနိုင်ငံက နင်ထွက်သွားတော့မယ်ဆို
အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးလည်းငိုလို့
(Bye bye bye bye bye bye bye bye) × 8
1: ချစ်သူတွေလည်းမဟုတ်ပါ ငါတို့သူငယ်ချင်းတွေထက်ပို
အဲ့လိုဖြစ်တာ ငါ့ကိုကြွေအောင်တကယ်မင်းချွေတတ်လို့
မင်းအားရင် အပျင်းပြေဖတ်ဖို့ email တွေပို့ထားမယ်
ဟိုမှာအခြေအနေဘယ်လိုများလဲ
ရည်းစားရပြီလား ပြောနော် ငါ့တို့ကိုလျှိုမထားနဲ့
သူ့ရည်ရွယ်ချက်ကရေမြေခြားမှာပညာရှာဖို့
ပြီးရင်ကိုယ့်တိုင်းပြည်ကိုပြန်ပြီးအကျိုးပြုချင်တာပါဆို
ချီးကျူးပါတယ်သူငယ်ချင်းရယ် ငါ့မှာရင်နာနာကို
ဟိုမှာဘယ်သူနဲ့တွေ့တွေ့အမြဲနှုတ်ဆက်နော်
မင်္ဂလာပါလို့ yo
တပတ်တစ်ခါဖုန်းထဲအလွမ်းသယ်ရင်းနဲ့အတူငိုမိတယ်
ဟန်ဆောင်ပြီးထ မရယ်ပါနဲ့
နင့်အကြောင်းငါ့ထက် ဘယ်သူပိုသိမလဲ
သူမရှိတုန်း လမ်းသွားလမ်းလာကောင်မလေးတွေကို
Q သလိုမကြည့်နဲ့
စိတ်ချ ငါကနင်ပြန်လာမယ့်အချိန်အထိလူပျိုကြီးပဲ yeah
ရန်ကုန်မြို့မှာမိုးတွေမှိုင်းပြပြရွာရင်
အလွမ်းတွေလှိုင်းထကြ နှိုင်းဆမရနာကျင်
ရိုင်းသွားသမျှ ရာဇဝင်တွေလို
တိုင်းတပါးသား ရှာမချစ်ဖို့
ငါတို့သူငယ်ချင်းတွေ ဝိုင်းတားကြမှာအသင့်
သူ့နှလုံးသားငါ့တစ်ယောက်တည်း
အမြစ်တွယ်
တသက်လုံးအတွက် မဟောင်းတဲ့စကားဖြစ်မယ်
နေလို့မှကောင်းရဲ့လား အချစ်ရယ်
အရမ်းသတိရနေတယ်
ဟန်ဆောင်တတ်တဲ့အပြုံးတွေရဲ့အောက်ဝယ်
နေသားကျသွားမှာလည်းကြောက်တယ်
အားလုံးစောင့်နေတယ်
ယုံကြည်ရင် နင်အမြန်ပြန်လာကွယ်
နေလို့မှကောင်းရဲ့လား အချစ်ရယ်
2: ကျွန်တော့သူငယ်ချင်းတွေဆုံရင်
ပြောတာသူ့အကြောင်းပါပဲ
သူတို့သူငယ်ချင်းတွေဆုံရင်ပြောမှာဘယ်သူအကြောင်းပါမလဲ
နင်ကျန်းမာပါစေ အိတ်ကပ်လေးထဲမှာဆုတောင်းစာထည့်
ကြိုးနဲ့ချည်ပြီးလေထဲလွှတ်ဖို့ မိုးပျံပူဖောင်းရှာဝယ်
(ပူဖောင်းရှာဝယ်)
Oh yeah ဒီနေ့တော့တစ်နေကုန်ကြွေပီပေါ့
နင့်မွေးနေ့ ငါရောက်တယ် ရွှေတိဂုံစေတီတော်ပေါ်
အဲ့မှာပန်းရေချမ်းဆီမီးကပ်လှူပြီးတော့ကုသိုလ်ယူ
ခိုတွေလဲအစာကျွေး အမျှဝေရော
ဘုံဘ၀စုံသမျှ သတ္တ၀ါတွေနဲ့
နင်အပါအ၀င် ၇ရက်သားသမီးတိုင်းရစေသော်
နောက်လဆို show တွေရှိတယ် မျှော်စင်ကျွန်းထဲမှာ
သဲထဲရေသွန်ဖြစ်ပီ နင်နဲ့ အတူပျော်ချင်လွန်းခဲ့သမျှ
တခြားသူငယ်ချင်းတွေထက်ကိုပိုပြီးအဖော်မင်လွန်းတဲ့ငါ
အညံ့တွေပျောက်အောင် ခေါင်းလျှော်ပစ်မယ်
တရော်ကင်ပွန်းနဲ့ကွာ
လောကဓံ ရိုက်ချက်တွေကြားထဲ
တစ်ခါတစ်လေ side effect တွေများလဲ
တစိုက်မှတ်မှတ်စာပဲကြိုးစားပါ night club တွေမသွားနဲ့
နောက်ဆုံးမှာချင်တာတော့ ဘယ်နေရာရောက်ရောက် မြန်မာဆိုတာမမေ့ဖို့
နင်ပြန်လာမယ်ဆို ငါထိပ်ဆုံးကလာကြိုမှာ အပြေးကို
သူ့နှလုံးသားငါ့တစ်ယောက်တည်း
အမြစ်တွယ်
တသက်လုံးအတွက် မဟောင်းတဲ့စကားဖြစ်မယ်
နေလို့မှကောင်းရဲ့လား အချစ်ရယ်
အရမ်းသတိရနေတယ်
ဟန်ဆောင်တတ်တဲ့အပြုံးတွေရဲ့အောက်ဝယ်
နေသားကျသွားမှာလည်းကြောက်တယ်
အားလုံးစောင့်နေတယ်
ယုံကြည်ရင် နင်အမြန်ပြန်လာကွယ်
နေလို့မှကောင်းရဲ့လား အချစ်ရယ်
End: အလုပ်ပိုကြိုးစားနေပြီဗျို့
လေယာဉ်ပျံကြီးစီးပြီး နင့်ဆီလာလည်မလို့
အလုပ်ပိုကြိုးစားနေပြီဗျို့
တော်ကြာအထင်သေးပြီးတော့ နင်ထားခဲ့မှာစိုး
အလုပ်ပိုကြိုးစားနေပြီဗျို့
လေယာဉ်ပျံကြီးစီးပြီး သူ့ကိုပြန်ခေါ်မလို့
အလုပ်ပိုကြိုးစားနေပြီဗျို့
တော်ကြာအရည်အချင်းမရှိလို့ နင်ထားခဲ့မှာစိုး
ကျွန်တော့အမှားတွေ သူ့ကိုပြန်သွားမတိုင်ပါနဲ့
လူချင်းမတွေ့လည်း အသံကြားနိုင်တာပဲ
ကျွန်တော့အမှားတွေ သူ့ကိုပြန်သွားမတိုင်ပါနဲ့
သူစိတ်ဆိုးလို့ဖုန်းမကိုင်ရင် မခံစားနိုင်ပါတကယ်
ဖုန်းပြောရင်းသီချင်းတွေဆိုပြလျက်ပေါ့ဗျာ
သူ့ရင်ခွင်မဟုတ်ရင် မခိုနားတတ်တော့ပါ
ဖုန်းပြောရင်းသီချင်းတွေဆိုပြလျက်ပေါ့ဗျာ
ပြန်လာရင် အရင်လို ဗိုလ်ကျားသေနတ် ဆော့မှာ
Ha Ha Ha yeah G Fatt



Авторы: Bob Emmerich, Billy Hueston



Внимание! Не стесняйтесь оставлять отзывы.