Myo Kyawt Myaing - Chit Thu текст песни

Текст песни Chit Thu - Myo Kyawt Myaing




ဘယ်အချိန်အခါမဆို
ထာဝစဉ်ပြုံးရွှင်နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ
သူစိတ်တိုင်း မကျတောင်
အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်းပျော်တယ်
ကိုယ်ငိုရင် သူလည်းငိုတယ်
တစ်ခါတလေများ အပြင်ပြဿနာတွေ
ယူလာမိ သူစိတ်မချမ်းသာအောင်
ပြန်လည်တွေးတိုင်း သနားလို့လာတယ်
ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူမိတဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့
ကိုယ့်ချစ်သူ
ဘယ်အချိန်အခါမဆို ကိုယ့်အနားမှာ
အတူရှိတဲ့ ကိုယ့်ချစ်သူ
ကြာလာလေလေ ပိုသိလာလေ
ပြည့်ဝလွန်းတဲ့သူ
ဒီသီချင်းလေး သူ့အတွက်ဆိုမယ်
ဒီစာသားလေးနဲ့ ကိုယ်တောင်းပန်မယ်
သူနေချင်တဲ့ ဘဝမျိုးမှာ
အတူနေနိုင်ဖို့ ကိုယ်လေကြိုးစားမယ်
ဒီသီချင်းလေး သူ့အတွက်ဆိုမယ်
ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူမိတဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့
ကိုယ့်ချစ်သူ
ဒီသီချင်းလေး သူ့အတွက်ဆိုမယ်
ဘယ်သူနဲ့မှ မတူဘူး
ဒီသီချင်းလေး သူ့အတွက်ဆိုမယ်
ဘယ်သူနဲ့မှ မတူဘူး
မတူဘူး
ဝိုး
ပြန်လည်တွေးတိုင်း သနားလို့လာတယ်
ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူမိတဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့
ကိုယ့်ချစ်သူ



Авторы: Myo Kyawt Myaing


Внимание! Не стесняйтесь оставлять отзывы.
//}