Myo Kyawt Myaing - Ko Bar Satay Ya Ma Lae текст песни

Текст песни Ko Bar Satay Ya Ma Lae - Myo Kyawt Myaing




အဝေးဆိုတဲ့စကားတစ်ခုဖြစ်ဖို့ အဝေးကြီးဆိုတဲ့ခရီးတစ်ခုရောက်ဖို့
ရှည်လျားလွန်းတဲ့လမ်းတွေ စတေးရတယ်
ဒီလိုပဲစိမ်းလန်းတဲ့အရိပ်တွေရှိဖို့ သစ်ရွက်ကလေးတွေများစွာက
ပြောင်းလဲတတ်တဲ့လောကထဲ စတေးရတယ် အမြဲစိမ်းလန်းဖို့
ခံစားချက်ဆိုတဲ့စိတ်တစ်ခုသိဖို့ တွေ့နေတဲ့ဒီမြင်ကွင်းလေးတစ်ခုဟာ
ကိုယ့်ရင်ထဲကိုစိမ့်ဝင် စတေးရတယ်
ဒီလိုပဲလေပြေကြားကပြောတဲ့စကားတွေ ကာရံနဲ့ဒီသီချင်းလေးတစ်ပုဒ်အဖြစ်
တစ်ယောက်တည်းပဲအချိန်တိုင်း ခံစားခဲ့ရတယ် သူဘာမှ မသိခဲ့ဘူး
ဘယ်လိုလဲ ကိုယ့်ချစ်သူလေးရယ်
မနိုးသေးခင် အိပ်မက်ထဲ
သိပ်ချစ်လွန်းတော့လည်း အချစ်များစွာအတွက်
ကိုယ်ဘာတွေစတေးရမလဲ
ကိုယ့်ချစ်သူလေးရယ် မင်းအပြုံးလေးတွေ
ကိုယ်အတွေးတိုင်း
သိပ်ချစ်လွန်းတော့လည်း အချစ်များစွာအတွက်
ကိုယ်ဘာစတေးရမလဲ
အမုန်းဆိုတဲ့စကားတစ်ခုရဖို့
ရင်ထဲကခံစားချက်များစွာက
နာကြည်းချက်အဖြစ်နဲ့ စတေးရတယ်
ဒီလိုပဲအချစ်ဆိုတဲ့အရာအမြဲခိုင်မြဲဖို့ တုန့်ပြန်ခြင်းသူ့အပြုံးလေးတွေက
ကိုယ့်ရဲ့ဘဝမျှော်လင့်ချက်အဖြစ် စတေးရတယ် အချိန်တွေကုန်ဆုံးခဲ့ရတယ်
ကိုယ်ဘာစတေးရမလဲ
ခံစားချက်ဆိုတဲ့စိတ်တစ်ခုသိဖို့ တွေ့နေတဲ့ဒီမြင်ကွင်းလေးတစ်ခုဟာ
ကိုယ့်ရင်ထဲကိုစိမ့်ဝင် စတေးရတယ်
ဒီလိုပဲလေပြေကြားကပြောတဲ့စကားတွေ ကာရံနဲ့ဒီသီချင်းလေးတစ်ပုဒ်အဖြစ်
တစ်ယောက်တည်းပဲအချိန်တိုင်း ခံစားခဲ့ရတယ် သူဘာမှ မသိခဲ့ဘူး
ဘယ်လိုလဲ ကိုယ့်ချစ်သူလေးရယ်
မနိုးသေးခင် အိပ်မက်ထဲ
သိပ်ချစ်လွန်းတော့လည်း အချစ်များစွာအတွက်
ကိုယ်ဘာတွေစတေးရမလဲ
ကိုယ့်ချစ်သူလေးရယ် မင်းအပြုံးလေးတွေ
ကိုယ်အတွေးတိုင်း
သိပ်ချစ်လွန်းတော့လည်း အချစ်များစွာအတွက်
ကိုယ်ဘာစတေးရမလဲ
ကိုယ့်ချစ်သူလေးရယ်
မနိုးသေးခင် အိပ်မက်ထဲ
သိပ်ချစ်လွန်းတော့လည်း အချစ်များစွာအတွက်
ကိုယ်ဘာတွေစတေးရမလဲ
ကိုယ့်ချစ်သူလေးရယ် မင်းအပြုံးလေးတွေ
ကိုယ်အတွေးတိုင်း
သိပ်ချစ်လွန်းတော့လည်း အချစ်များစွာအတွက်
ကိုယ်ဘာစတေးရမလဲ




Внимание! Не стесняйтесь оставлять отзывы.
//}