Irene Zin Mar Myint - Bal Pan Chi Yay Loh Ma Mhe Lyrics

Lyrics Bal Pan Chi Yay Loh Ma Mhe - Irene Zin Mar Myint




ဘယ် ပန်းချီ ရေးလို့ မမှီ
ဘယ် ပန်းချီ ရေးလို့ မမှီ ခဲ့သည်
ချစ် မေတ္တာ တွေသည် ညွှန်း စာဖွဲ့ နွဲ့လို့ မမှီ
အဏ္ဏဝါ သမုဒ္ဒရာ မင်ပြာတွေ ကုန်စေ့မည်
အာကာ တစ်ခွင်လုံး သုံးတော့ ပေလွှာ မဆုံးပြီ
နှလုံးသာ မှာ ချိုစွာ ညွှန်းဆို နှော ပြောပြ လေသည်
ခင်တွယ်စရာ မိဘ ဟူသည် အစားထိုးဖွယ် မရှိပြီ
ထာဝရ ဘုရား နဲ့ တကယ်ပင် တရား သဘော ညီ
အို တစ်ကိုင်းတည်း နှိုင်းခဲ့ ကြသည်
မိဘရဲ့ အသည်းနှလုံး အပြုံးနဲ့ ယှဉ်ကာသာနှော
ချစ်ဇော ရဟတ် မပြတ် လေသည်
တကယ်ပင် တေးဖွဲ့လို့ မမှီ
အစဉ်သာ နှိုင်းတု လူ့တစ်ခွင် ယှဉ်လို့ မမှီ
ကျေးဇူး ကို ရွယ်ရည်
အသက်ကို မနှေး ပေးအပ် ပါမည်
ခင်တွယ်စရာ မိဘ ဟူသည် အစားထိုးဖွယ် မရှိပြီ
ထာဝရ ဘုရားနဲ့ တကယ်ပင် တရားသဘော ညီ
အို တစ်ကိုင်းတည်း နှိုင်းခဲ့ ကြသည်
မိဘရဲ့ အသည်းနှလုံး အပြုံးနဲ့ ယှဉ်ကာသာနှော
ချစ်ဇော ရဟတ် မပြတ် လည်သည်
တကယ်ပင် တေးဖွဲ့လို့ မမှီ
အစဉ်သာ နှိုင်းတု လူ့တစ်ခွင် ယှဉ်လို့ မမှီ
ကျေးဇူးကို ရွယ်ရည်
အသက်ကို မနှေး ပေးအပ် ပါမည်
ဘယ် ပန်းချီ ရေးလို့ မမှီ
ဘယ် ပန်းချီ ရေးလို့ မမှီ ခဲ့သည်
ချစ် မေတ္တာ တွေသည် ညွှန်း စာဖွဲ့ နွဲ့လို့ မမှီ



Writer(s): Maung Swe Tint



Attention! Feel free to leave feedback.